Connect with us

Videos

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အီဘိုလာရောဂါထပ်မံဖြစ်ပွားကြောင်းအတည်ပြု

ကွန်ဂို၊ သြဂုတ် ၃ ရက်(ဆင်ဟွာ)

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အီဘိုလာရောဂါထပ်မံဖြစ်ပွားကြောင်း ကျန်းမာရေးဋ္ဌာနမှ တာဝန်ရှိသူများက အတည်ပြုခဲ့သည်။ ပြီးခဲ့သည့်တစ်ပတ်က ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ၉ ကြိမ်မြောက် အီဘိုလာရောဂါဖြစ်ပွားမှု ကင်းစင်ကြောင်း ကြေညာပြီးနောက် ရောဂါဖြစ်ပွားမှုကိုယခုထပ်မံ တွေ့ရှိခြင်းဖြစ်သည်။ Huffington post ၏ ထုတ်ပြန်ချက်အရ ကွန်ဂို ကျန်းမာရေးဝန်ကြီးဋ္ဌာနက စနေနေ့တွင် အီဘိုလာရောဂါသည်ပေါင်း ၂၆ ဦးရှိသည်ကို တွေ့ရှိပြီး လူ ၂ဝ မှာ နိုင်ငံ၏ အရှေ့မြောက်ပိုင်းကီဗူဒေသ၏မြို့တော် ဘာနီတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ ကွန်ဂိုအာဏာပိုင်များ က ယခုအကြိမ် ရောဂါဖြစ်ပွားမှုကအီကွေတာဒေသရှိုပြည်နယ်တွင် ရောဂါဖြစ်ပွားခဲ့မှုနှင့် ဆက်စပ်မှုရှိသည်ဆိုခြင်းကိုယုံကြည်မှုမရှိကြကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.