Connect with us

Videos

Huawei က Apple ကိုကျော်ကာ ဒုတိယမြောက်စမတ်ဖုန်းအရောင်းရဆုံး ဖြစ်လာ

ရှန်ဟိုင်း ၊ သြဂုတ် ၃ ရက်(ဆင်ဟွာ)

စမတ်ဖုန်းလောကတွင် Huawei ကုမ္ပဏီက ကမ္ဘာပေါ်တွင် Apple ကုမ္ပဏီ ထက်သာလွန်ကာ ဒုတိယမြောက် စမတ်ဖုန်းအရောင်းရဆုံး နေရာကို ယူခဲ့နိုင်ပြီးဖြစ်ကြောင်း Counterpoint research ၏ တင်ပြချက်အရသိရသည်။ Huawei မှာ ဒုတိယလူကြိုက်အများဆုံး စမတ်ဖုန်း brand တစ်ခုဖြစ်လာခဲ့ပြီး ၂၀၁၈ ခုနှစ်၏ ဒုတိယသုံးလပတ်အတွင်း apple ထက် သဘောၤတင်ပို့ ရောင်းရမှု ပမာဏကျော်လွန်ခဲ့သည်။ နံပါတ်တစ်အရောင်းရဆုံး brand နေရာ ကိုမူ Samsung က ရယူထားပြီး ကမ္ဘာပေါ်တွင်စုစုပေါင်းသင်္ဘောတင်ပို့သည့် စမတ်ဖုန်း အရေအတွက်၏ ၂ဝ ရာခိုင်နှုန်းခန့်ကို အပိုင်စီးထားဆဲဖြစ်သည်။ Huawei မှာ ဈေးနှုန်းသင့်တင့်မျှတပြီး လူတန်းစားမရွေးဝယ်ယူနိုင်အောင်စီစဉ်ထုတ်လုပ်ထားသည့် အနေအထားမျိုး ဖြစ်သည့်အပြင် ၎င်း၏ တွဲဘက် brand တစ်ခုဖြစ်သည့် honor တံဆိပ်ကိုလည်းလူကြိုက်များအောင် စွဲဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သင်္ဘောတင်ပို့သည့်စုစုပေါင်းစမတ်ဖုန်းအရေအတွက်၏ ၁၅ ရာခိုင်နှုန်း အထိရှိခဲ့ပြီး Apple မှာ ၁၁ ရာခိုင်နှုန်း သာရှိကာ တတိယဝယ်ယူမှုအများဆုံးနေရာသို့ရောက်ရှိခဲ့သည်။ စတုတ္ထလူကြိုက်အများဆုံးဖုန်းအဖြစ် xiaomi က နေရာယူထားခဲ့ကာ Oppo တံဆိပ်မှာပဉ္စမ အရောင်းရဆုံးဖုန်း ဖြစ်ခဲ့ပြီး Vivo တံဆိပ်မှာ ဆဌမ နေရာ လိုက်၍ ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.