ပေကျင်း၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က မက္ကဆီကို အလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်နှင့် ပတ်သက်၍ မက္ကဆီကို သမ္မတ Enrique Pena Nieto ထံ စက်တင်ဘာ ၂၀ ရက်က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း...
တီဟီရန် ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ) အီရန်နိုင်ငံခေါင်းဆောင်က ၂ဝ၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံသည် “ အချိန်ဖြုန်းနေ” ကြောင်း ပြောကြားလိုက်သည်ဟု ဒေသတွင်းမီဒီယာက စက်တင်ဘာ ၂ဝ ရက်တွင်သတင်းဖော်ပြခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) တိုင်းရင်းသားများ၏ စိတ်ခံစားမှု၊ ဘဝပြန်လည် ထူထောင်မှုအပါအဝင် ပြန်လည်နေရာချထားရေး ကိစ္စရပ်များကို ဦးစားပေးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။
အန်ကာရာ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) တူရကီနိုင်ငံအလယ်ပိုင်း Nigde ပြည်နယ် ရှိ ရဲသင်တန်းကျောင်းတစ်ခုတွင် စက်တင်ဘာ ၂၀ ရက်က ရဲရဟတ်ယာဉ် တစ်စီးဆင်းသက်စဉ် မတော်တဆမှုဖြစ်ပွားခဲ့ရာ ရဲအရာရှိတစ်ဦး သေဆုံးပြီး အခြားရဲအရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း Dogan သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ကျိုက်ထီးရိုးစေတီတော် တည်ရှိရာ တောင်ပေါ်သို့ မိနစ်ပိုင်းဖြင့် အလွယ်တကူ တက်ရောက်ဖူးမြော်နိုင်မည့် ကောင်းကင်ကေဘယ်လ် စီမံကိန်း တည်ဆောက်လျက်ရှိပြီး မူလက လာမည့် သီတင်းကျွတ် လပြည့်နေ့အမီ ပြေးဆွဲနိုင်မည်ဟု အသိပေးထားရာ အချိန်မီပြီးစီး ရန် အခက်အခဲရှိသဖြင့် မူလသတ်မှတ်ရက်မှ နောက်ကျမည်ဖြစ်ကြောင်း၊ နိုဝင်ဘာလ...