Connect with us

Videos

ရန်ကုန်မြို့တွင် ရုပ်ရှင်ဖွံ့ဖြိုးရေးစင်တာ ဖွင့်လှစ်

ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၌ ရုပ်ရှင်ဖွံ့ဖြိုးရေးစင်တာ (Film Development Centre)ကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင်အတတ်ပညာနှင့် နည်းပညာများ အားပေးမြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် အတွေးအမြင်ဖလှယ်နိုင် စေရန် အဆိုပါ ရုပ်ရှင်ဖွံ့ဖြိုးရေးစင်တာ ဖွင့်လှစ်ကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ရုပ်ရှင်ဖွံ့ဖြိုးရေးစင်တာ (Film Development Centre)တွင် ယနေ့ ရုပ်ရှင်မူပိုင်ခွင့်ကာကွယ်စောင့်ရှောက်ခြင်း ဆွေးနွေးပွဲကျင်းပလျက်ရှိပြီး အဆိုပါ ဆွေးနွေးပွဲသည် မြန်မာ့ရုပ်ရှင်ဇာတ်ကားများအား လူမှုမီဒီယာများ ပေါ်တွင် လွှင့်တင်ဆောင်ရွက်နေမှုများနှင့် မူပိုင်ခွင့် ချိုးဖောက်ခံရမှုများကို ကာကွယ်ဆောင်ရွက် နိုင်ရန် ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယနေ့ကျင်းပသော ရုပ်ရှင်မူပိုင်ခွင့်ကာကွယ်စောင့်ရှောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ သည် တန်ဖိုးရှိကြောင်း၊ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံများ၊ သင်တန်းကျောင်းများ လိုအပ်သည်ကို သိရှိကြောင်း ၊ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်လိုရန် ဆောင်ရွက်ပေးစေလိုသည့် အကြောင်းအရာများကို ဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားသည်။

ရုပ်ရှင်လောကသားများ၏ ခွင့်ပြုချက်မရှိဘဲ ရုပ်ရှင်ကားများကို onlineတင်ခြင်းကို ရုပ်ရှင်ဥပဒေနှင့် တရားစွဲဆိုနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထပ်မံပြင်ဆင်ထားသော ၁၉၉၆ ရုပ်ရှင်ဥပဒေနှင့် အရေးယူနိုင်အောင် ထိထိရောက်ရောက် ဝိုင်းဝန်းဆောင်ရွက်မည်ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.