Connect with us

Africa & Middle East

သမ္မတရှီကျင့်ဖိန်သည် နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် ဆီနီဂေါနိုင်ငံသို့ရောက်ရှိလာ


ဒါကာ ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် နိုင်ငံ့အကြီးအကဲအဖြစ် ၉ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဇူလိုင် ၂၁ ရက်တွင် ဆီနီဂေါနိုင်ငံသို့နိုင်ငံတော်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိလာကြောင်း သိရသည်။

သမ္မတရှီ နှင့် ဇနီး Peng Liyuan တို့အား ဆီနီဂေါနိုင်ငံသမ္မတ Macky Sall နှင့် ဇနီး Marieme ၊ ဝန်ကြီးချုပ် Mohammed Dionne တို့က လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဆီနီဂေါသမ္မတ Sall က သမ္မတရှီကျင့်ဖိန်အား ကော်ဇောနီခင်း၍ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။

ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားတွင် တရုတ်နိုင်ငံအစိုးရ နှင့် ပြည်သူများကိုယ်စား သမ္မတရှီက ဆီနီဂေါနိုင်ငံအစိုးရ နှင့် ပြည်သူများအား ဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်စကားဆိုခဲ့သည်။

ဆီနီဂေါနိုင်ငံသို့ရောက်ရှိလာသော တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အား ဆီနီဂေါသမ္မတက ကြိုဆိုနှုတ်ဆက်စဉ်(ဆင်ဟွာ)

ဆီနီဂေါနိုင်ငံသို့ရောက်ရှိလာသော တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အား ဆီနီဂေါသမ္မတက ကြိုဆိုနှုတ်ဆက်စဉ်(ဆင်ဟွာ)

သမ္မတရှီက ၂ဝ၁၃ ခုနှစ်တွင် သမ္မတနိုင်ငံသမ္မတအဖြစ် တာဝန်ယူပြီးနောက် အာဖရိကတိုက်သို့လေးကြိမ်မြောက် လာရောက်လည်ပတ်သည့်ခရီးစဉ်ဖြစ်ကြောင်း နှင့် ယခုတစ်ကြိမ်အာဖရိကတိုက်ခရီးစဉ်အတွင်း ဆီနီဂေါနိုင်ငံမှာ ပထမဆုံး ဝင်ရောက်သည့် ခရီးတစ်ထောင့်နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ် နှင့် ဆီနီဂေါ နိုင်ငံတို့သည် ကောင်းမွန်သော မိတ်ဆွေရင်းများ နှင့် မိတ်ဖက်များ ဖြစ်ကြောင်း ၊ မကြာသေးခင်နှစ်များက နှစ်နိုင်ငံအကြား ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှု လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ခဲ့ကြောင်း ရှီက ပြောကြားခဲ့သည်။

သမ္မတရှီသည် ၂ဝ၁၈ ခုနှစ် မတ်လတွင် တရုတ်နိုင်ငံသမ္မတအဖြစ် ပြန်လည်အရွေးခံရပြီးနောက် ပထမဆုံးနိုင်ငံရပ်ခြားခရီးစဉ်အတွင်း ဆီနီဂေါနိုင်ငံသည် ဒုတိယမြောက် ဝင်ရောက်လည်ပတ်သည့် နိုင်ငံဖြစ်သည်။ ယခုခရီးစဉ်အတွင်း ရှီသည် အာရပ်စော်ဘွားများပြည်ထောင်စု(UAE) နိုင်ငံသို့သွားရောက်လည်ပတ်ခဲ့ပြီးဖြစ်သည်။ရှီကျင့်ဖိန်သည် ရာဝမ်ဒါ နှင့် ဂျိုဟမ်နက်စဘတ်စ်မြို့၌ ကျင်းပမည့် ၁ဝ ကြိမ်မြောက် BRICS ထိပ်သီးအစည်းတက်ရောက်ရန် တောင်အာဖရိက နိုင်ငံ နှင့် မော်ရေးရှပ်နိုင်ငံများသို့လည်း သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.