Connect with us

Africa & Middle East

ဆိုမာလီယာနိုင်ငံ မြို့တော်မိုဂါဒစ်ရှူးတွင် ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား လူ ၁ ဦးသေဆုံး ၃ ဦး ဒဏ်ရာရ

ဆိုမာလီယာတွင် ဖြစ်ပွားခဲ့သော ကားဗုံးခွဲတိုက်ခိုက်မှုတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

မိုဂါဒစ်ရှူး၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ)

ဆိုမာလီယာနိုင်ငံ မြို့တော်မိုဂါဒစ်ရှူးတွင် ဇူလိုင်လ ၂၁ ရက် အစောပိုင်းက ကားဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆိုမာလီယာ ရဲတပ်ဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုမှာ မိုဂါဒစ်ရှူးရှိ အာဇာနည်အုတ်ဂူတစ်ခုအနီးတွင် ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ခိုက်သူ မှာ ဖောက်ခွဲရေးပစ္စည်းများကို မော်တော်ယာဉ်တွင် ဦးစွာ တပ်ဆင်ထားပြီး အခင်းဖြစ်နေရာသို့ မောင်းဝင်ခဲ့ကြောင်း၊ ၎င်းယာဉ်ပေါ်တွင် လိုက်ပါလာသော လူ ၃ ဦးအနက် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ထို့အပြင် လမ်းသွားလမ်းလာ ၁ ဦး လည်း ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံရဲတပ်ဖွဲ့ဝင် တစ်ဦးက ဆင်ဟွာကို ပြောကြားခဲ့သည်။

တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ မည်သည့်အဖွဲ့အစည်းကမှ ထုတ်ပြန်ကြေညာခြင်း မရှိသေးကြောင်း သိရသည်။

ဆိုမာလီယာ အယ်လ်ရှာဘတ်(al-Shabaab)သည် အယ်လ်ကိုင်ဒါး(Al-Qaeda)နှင့်ဆက်စပ်နေသည့် အစွန်းရောက်အဖွဲ့အစည်းဖြစ်ပြီး ယခုနှစ်ပိုင်းများတွင် ဆိုမာလီယာနှင့် အိမ်နီးချင်းနိုင်ငံများတွင် အကြမ်းဖက်တိုက်ခိုက်မှုပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.