ဝါရှင်တန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) အမေရိကန်ဒေါ်လာ ၃.၉ ဘီလီယံ တန်ဖိုးရှိ Air Force One လေယာဉ် နှစ်စင်းဝယ်ယူရန် လေယာဉ်ထုတ်လုပ်သည့် ဘိုးရင်းကုမ္ပဏီ (Boeing) နှင့် ဇူလိုင် ၁၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ဆိုသည်။
ပါရီ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း Vaucluse ဒေသ Avignon မြို့ အနီး ရှိ A7 အဝေးပြေးလမ်းမပေါ်တွင် ဇူလိုင် ၁၈ ရက် နေ့လည်ပိုင်းတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ရာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အပါအဝင် လူ ၃ဦးသေဆုံးခဲ့ပြီး...
ရန်ကုန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နှင့် လားရှိုးမြို့တို့တွင် ငွေကျပ် ၁၉,၆၂၀ သိန်း တန်ဖိုးရှိ ဘိန်းညိုမှုန့်များ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
အန်ကာရာ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ) ဆိုက်ပရပ်စ်နိုင်ငံမြောက်ပိုင်း အလွန် မြေထဲပင်လယ် ၌ ဇူလိုင် ၁၈ ရက်တွင် ရွှေ့ပြောင်းသွားလာသူများ၏ လှေတိမ်းမှောက်ခဲ့၍ အနည်းဆုံး ရွှေ့ပြောင်းသွားလာသူ ၁၉ဦး သေဆုံးခဲ့ကြောင်း တူရကီသတင်း၌ဖော်ပြခဲ့သည်။