Connect with us

North America

အမေရိကန်သမ္မတအိမ်ဖြူတော်က ဒေါ်လာ ၃.၉ ဘီလီယံ တန်ဖိုးရှိ Air Force One လေယာဉ် နှစ်စင်းဝယ်ယူ

ဝါရှင်တန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ)

အမေရိကန်ဒေါ်လာ ၃.၉ ဘီလီယံ တန်ဖိုးရှိ Air Force One လေယာဉ် နှစ်စင်းဝယ်ယူရန် လေယာဉ်ထုတ်လုပ်သည့် ဘိုးရင်းကုမ္ပဏီ (Boeing) နှင့် ဇူလိုင် ၁၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ဆိုသည်။

အဆိုပါလေယာဉ် နှစ်စင်းသည် ၂ဝ၂၄ ခုနှစ်တွင် စတင် တာဝန်ထမ်းဆောင်ရန် အသင့်အနေအထားရောက်ရှိမည်ဖြစ်ကြောင်း ၊ လက်ရှိအသုံးပြုနေသော သက်တမ်း ၃၁ နှစ်ရှိပြီဖြစ်သော Air Force One လေယာဉ်နှစ်စင်းကို အစားထိုးအသုံးပြုသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကနဦး ဘိုးရင်းကုမ္ပဏီမှ အဆိုပြုထားသည့် ဈေးနှုန်း ၅.၃ ဘီလီယံကို ၁.၄ ဘီလီယံဈေးလျှော့ပေးရန် အိမ်ဖြူတော်က ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့သည်။

သို့သော် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာတွင် ပြုလုပ်သည့် ရွေးကောက်ပွဲ၌ သမ္မတအဖြစ်ရွေးချယ်ခံရချိန်တွင် ထရမ့်က ၎င်း၏တွစ်တာလူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည့် စာသားတစ်ခုမှာ မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။

ထိုစဉ်က “ နောင်လာမယ့်အမေရိကန်သမ္မတတွေအတွက် ဘိုးရင်းကုမ္ပဏီက ၇၄၇ ဘိုးရင်းလေယာဉ်အသစ်ကို တည်ဆောက်ပေးမယ်။ ဒါပေမယ့် ဈေးက ဒေါ်လာ ၄ ဘီလီယံထက်ကျော်လွန်ပြီး မတန်တဆဖြစ်နေတယ်။ ဒါကြောင့် အမှာကို ပယ်ဖျက်လိုက်တယ် ” ဟု ထရမ့်က တွစ်တာတွင်ရေးသားခဲ့သည်။

လေယာဉ်အတွက် ကနဦးဈေးနှုန်းမှာ အိမ်ဖြူတော်က ပေးနိုင်သည့် ပမာဏထက် များစွာကျော်လွန်နေပြီး အဆိုပါခြားနားချက်ကို နှစ်ဖက်အကြားအပြန်အလှန်ညှိနှိုင်းပြီးနောက်တွင် ဘိုးရင်းက ဈေးနှုန်းကို ၁.၄ ဘီလီယံ လျှော့ချပေးခဲ့ခြင်းဖြစ်သည်။

ထရမ့်က Air Force One လေယာဉ်အသစ်များတွင် ယခင်က အစဉ်အလာအသုံးပြုခဲ့သော အဖြူ နှင့် အပြာ အရောင်များအစား အနီ ၊ အဖြူ ၊ အပြာ အရောင်များဖြင့် ခြယ်မှုန်းသွားမည်ဖြစ်ကြောင်း ၊ ယင်းအရောင်များမှာ အမေရိကန်နိုင်ငံ၏ ဝိသေသလက္ခဏာနှင့်ပို၍ နီးစပ်ကိုက်ညီကြောင်း ထရမ့်က ဆိုသည်။

Air Force One လေယာဉ်အသစ်နှစ်စင်းသည် 747 jumbo လေယာဉ်များကို အဆင့်မြှင့်တင်ထားပြီး အမေရိကန်သမ္မတအတွက် လိုအပ်သော လုံခြုံရေးအစီအစဉ်များကို အထူးအလေးထား ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ယုံကြည်ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.