Connect with us

Europe

ပြင်သစ်အရှေ့တောင်ပိုင်းတွင် ယာဉ်တိုက်မှုကြောင့် လူ ၃ဦးသေ၊ ၂ဦးဒဏ်ရာရှိ

ပြင်သစ်နိုင်ငံ တွင် ယခင်ကဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ပါရီ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း Vaucluse ဒေသ Avignon မြို့ အနီး ရှိ A7 အဝေးပြေးလမ်းမပေါ်တွင် ဇူလိုင် ၁၈ ရက် နေ့လည်ပိုင်းတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ရာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အပါအဝင် လူ ၃ဦးသေဆုံးခဲ့ပြီး အခြားလူ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်း၌ဖော်ပြခဲ့သည်။

ကုန်တင်ကားတစ်စီးသည် လမ်းလယ်ကျွန်းတုံးအား တိုက်မိပြီးနောက် အဝေးပြေးလမ်းမပေါ်ရှိ အခြားသော မော်တော်ယာဉ်ငယ်များစွာ နှင့် ထပ်မံတိုက်မိကာ မီးလောင်ကျွမ်းခဲ့ကြောင်း ပြည်တွင်းသတင်း ဖော်ပြချက်များအရ သိရသည်။

အဝေးပြေးလမ်းမ၏ မြောက်/တောင် လမ်းမအပိုင်းအား ပြန်လည်ဖွင့်ပေးခဲ့ပြီး အခြားလမ်းကြောင်းအား ဇူလိုင် ၁၈ရက် ည ပိုင်းအထိ ပိတ်ထားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို မသိရှိရသေးဘဲ အခင်းဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့ဝင် ၃၀ဦး နှင့် မီးသတ်ဝန်ထမ်း ၂၀ဦးကျော် ရောက်ရှိလာကြောင်း သတင်း၌ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.