Connect with us

Europe

ဆိုက်ပရပ်စ်မြောက်ပိုင်းတွင် ရွှေ့ပြောင်းသွားလာသူများ၏ လှေတိမ်းမှောက်ခဲ့၍ လူ ၁၉ဦးသေ၊ ၂၅ဦးပျောက်ဆုံးနေ

ဆိုက်ပရပ်စ်နိုင်ငံ အလွန်တွင် ရွှေ့ပြောင်းသွားလာသူများကို ကယ်ဆယ်လာစဉ် (ဓါတ်ပုံ-အင်တာနက်)

အန်ကာရာ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

ဆိုက်ပရပ်စ်နိုင်ငံမြောက်ပိုင်း အလွန် မြေထဲပင်လယ် ၌ ဇူလိုင် ၁၈ ရက်တွင် ရွှေ့ပြောင်းသွားလာသူများ၏ လှေတိမ်းမှောက်ခဲ့၍ အနည်းဆုံး ရွှေ့ပြောင်းသွားလာသူ ၁၉ဦး သေဆုံးခဲ့ကြောင်း တူရကီသတင်း၌ဖော်ပြခဲ့သည်။

တူရကီနိုင်ငံ နှင့် ဆိုက်ပရပ်စ်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့များသည် အခင်းဖြစ်ပွားရာသို့ အလျင်အမြန်ရောက်ရှိလာပြီး ရွှေ့ပြောင်းသွားလာသူ ၁၀၃ဦးကို ကယ်ဆယ်ခဲ့ကြောင်း ပုဂ္ဂလိက ရုပ်သံလိုင်း CNNTurk ကဖော်ပြခဲ့သည်။

ကယ်ဆယ်ရရှိခဲ့သည့် ရွှေ့ပြောင်းသွားလာသူများကို တူရကီနိုင်ငံ တောင်ပိုင်း Mersin ပြည်နယ်သို့ ခေါ်ဆောင်ထားပြီး အခြားလူ ၂၅ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

တူရကီနိုင်ငံ DHA သတင်းဌာန က ရွှေ့ပြောင်းဒုက္ခသည်များသည် ဥရောပသို့ သွားရောက်မည့် ဆီးရီးယားနိုင်ငံသားများဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.