ကနေဒါ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ကနေဒါရဲတပ်ဖွဲ့သည် အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးချက်ရရှိပြီးနောက် သံသယရှိသူ တစ်ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း သြဂုတ် ၁၀ ရက်က ကြေညာခဲ့သည်။
ရန်ကုန် ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ) မြန်မာ့ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (SME) ၏ အဓိကလိုအပ်ချက်တစ်ခုဖြစ်သည့် ဘဏ်လုပ်ငန်းချိတ်ဆက်မှုနှင့် ငွေကြေးထောက်ပံ့မှုများကို ကျေးလက်ဒေသရှိ SME များအထိ ဖြန့်ကျက်ပေးအပ်သွားနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)ထံမှ သိရသည်။
မနီလာ ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတီးသည် နိုင်ငံတွင်း၌ အိုင်အက်စ် အကြမ်းဖက်သမားများ၏ အန္တရာယ် ရုတ်တရက်ကြုံတွေ့ရနိုင်ကြောင်း သြဂုတ် ၁ဝ ရက်က သတိပေးပြောကြားလိုက်သည်။
မော်စကို၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ရှရှားနိုင်ငံသည် ဆီးရီးယားနိုင်ငံ ရှိ Hmeymim ရုရှားလေတပ်အခြေစိုက်စခန်းအား ပြီးပြည့်စုံသည့် စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပြောင်းလဲကာ လေတပ်အင်အား ၏ အမြဲတမ်း တပ်ဖွဲ့များအား ထားရှိသွားမည် ဖြစ်ကြောင်း ရုရှားတာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
မဲလ်ဘုန်း ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ) အိန္ဒိယယဉ်ကျေးမှုတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် မိန်းမမုန်းတီးရေးဝါဒကို ရုပ်ရှင်က ပြောင်းလဲပစ်နိုင်စွမ်းရှိ ကြောင်း အိန္ဒိယရုပ်ရှင်ဒါရိုက်တာတစ်ဦးက ပြောဆိုလိုက်သည်။