Connect with us

Asia

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဂူအတွင်း ပိတ်မိနေသည့် ကိုးယောက်မြောက်ကလေးငယ်ကို ကယ်ထုတ်

ထိုင်းနိုင်ငံ၌ ဂူအတွင်း ပိတ်မိနေသော ကလေးငယ်များအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ချင်းရိုင် ၊ ထိုင်း ၊ ဇူလိုင် ၁ဝ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ကျောက်ဂူတစ်ခုအတွင်း ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာ ပိတ်မိနေသည့် ကလေးငယ် ၁၃ ဦးထဲမှ ၉ ဦးမြောက် ကလေးငယ်တစ်ယောက်ကို ယနေ့ဇူလိုင် ၁ဝ ရက် မွန်းလွဲပိုင်းတွင် ကယ်ထုတ်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

၎င်းကလေးငယ်သည် ယနေ့ကယ်ဆယ်ရေး အစီအစဉ်အတွက် ပထမဆုံး ကယ်တင်နိုင်ခဲ့သည့် ကလေးငယ်ဖြစ်သည်။

ပြီးခဲ့သော နှစ်ရက်တာအတွင်း ကယ်တင်ထားခဲ့သော ကလေးငယ် ၈ ဦးကို ချင်းရိုင်ဆေးရုံသို့ပို့ဆောင်ထားကြောင်း နှင့် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေများမှာ ကောင်းမွန်ကြောင်း ထိုင်းကျန်းမာရေးအရာရှိများက ဇူလိုင် ၁ဝ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ထိုင်းကျန်းမာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Jesada Chokdumrongsuk က ပထမဆုံးကယ်ထုတ်ခဲ့သည့် အသက် ၁၂ နှစ် မှ ၁၆ နှစ် အရွယ်ရှိ ကလေးငယ် ၄ ဦးမှာ ပုံမှန်စားသောက်နိုင်ပြီဖြစ်ကြောင်း ၊ ၎င်းတို့အနက် နှစ်ဦးမှာ အဆုတ်ကူးစက်ရောဂါတစ်ခုခု ခံထားရဖွယ်ရှိသော်လည်း ၈ ယောက်စလုံးမှာ ယေဘူယျအားဖြင့် “ ကျန်းကျန်းမာမာ နှင့် ပြုံးပြုံးရွှင်ရွှင် ” ရှိနေကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.