Connect with us

Environment, Disasters & Accidents

မန္တလေးလေဆိပ်၌ Yangon Airways လေကြောင်းလိုင်းမှ လေယာဉ် ၁ စီး ယာဘက် လေကာမှန်ကွဲအက်၍ ပြန်လည်ဆင်းသက်မှုဖြစ်ပွား

Yangon Airways လေယာဉ်များ ရပ်နားထားစဉ် (ဓာတ်ပုံ-- Yangon Airways)

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးလေဆိပ်၌ Yangon Airways လေကြောင်းလိုင်းမှ လေယာဉ် ၁ စီး ယာဘက် လေကာမှန်ကွဲအက်၍ ပြန်လည်ဆင်းသက်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန် သည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ ၀၉း၃၅နာရီ အချိန် ရန်ကုန်အဲယားဝေးလေကြောင်းလိုင်းမှ ATR-72 ၊ လေယာဉ်အမှတ် XY-AIM သည် ခရီးစဉ်အမှတ် YH-543 ကို လေယာဉ်မှူး ကျော်ဇေယျ ပါလေယာဉ်အမှုထမ်း ၅ ဦး၊ ခရီးသည် ၂၆ ဦးနှင့် လုံခြုံရေး ၂ ဦးတို့ လိုက်ပါလျက် မန္တလေးလေဆိပ်မှ မြစ်ကြီးနားလေဆိပ်သို့ ထွက်ခွာပျံသန်းစဉ် ယာဘက်လေကာမှန် ကွဲအက်လာသဖြင့် မန္တလေးလေဆိပ်သို့ ပြန်လည်ဆင်းသက် ခဲ့ပြီး အင်ဂျင်နီယာမှူး သက်ချိုဦးနှင့်အဖွဲ့မှ ပြင်ဆင်ခဲ့ရာ ပြန်လည်ကောင်းမွန်ခဲ့ကြောင်းနှင့် ဇွန်လ ၁၀ ရက်တွင် အစားထိုးလေယာဉ် ၁ စီးဖြင့် ခရီးသည်များအား ပြန်လည်ပို့ဆောင်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲ တွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.