ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ဆိပ်ကမ်းမြို့နယ်၊ စဉ့်အိုးတန်းသမ္ဗာန်ဆိပ်မှ ဒလမြို့နယ်၊ ကမာကသွယ်သမ္ဗာန်ဆိပ်သို့ မောင်းနှင်လာသော ခရီးသည် ၁၁ဦးပါဝင်သော စက်တပ်သမ္ဗာန်လှေတစ်စီး နစ်မြုပ်၍ လူ ၄ဦးပျောက်ဆုံးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်သော သတင်းအရသိရသည်။
ကုလသမဂ္ဂ ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေညီလာခံက ပါလက်စတိုင်းအရပ်သားများအား အကာအကွယ်ပေးရေး တိုက်တွန်းမှု ဆုံးဖြတ်ချက် တစ်ခုကို ဇွန်လ ၁၃ ရက်တွင် သဘောတူချမှတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဟုမ္မလင်း-ကောယားကျေးရွာတွင် လူ ၂၅ဦး လိုက်ပါစီးနင်းလာသော မော်တော်ရေယာဉ် (သစ်သားခွံ)တစ်စီးသည် ယနေ့ နေ့လည် ၁၂နာရီခွဲတွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
နေပြည်တော်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) မြန်မာ့ စီးပွား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် အလုပ်ဖြစ်မည့် စီးပွားရေး မဟာဗျူဟာ တစ်ရပ် ပေါ်ပေါက်လာစေရန် ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ ပြောကြားသည်။
ရန်ကုန် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) “ယူနန်အလှ တရုတ်ပန်းချီပြပွဲ”ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ တရုတ် ယဉ်ကျေးမှုစင်တာတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ယဉ်ကျေးမှုသံမှူး မစ္စတာ ထျန်ဆန့်ထင် က ယူနန်ပန်းချီပြပွဲသည် အများပြည်သူလေ့လာ ကြည့်ရှုရန် ပထမဆုံးဖွင့်လှစ်ပေးသည့်...