Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီး၌ လူ ၂၅ဦးပါဝင်သော စက်လှေတိမ်းမှောက်မှုဖြစ်ပွား

နစ်မြုပ်သွားသော ရေယာဉ်အား ကယ်ဆယ်နေစဉ်(ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန)

ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဟုမ္မလင်း-ကောယားကျေးရွာတွင် လူ ၂၅ဦး လိုက်ပါစီးနင်းလာသော မော်တော်ရေယာဉ် (သစ်သားခွံ)တစ်စီးသည် ယနေ့ နေ့လည် ၁၂နာရီခွဲတွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ရေယာဉ်သည် ဟုမ္မလင်းမြို့ ဆိပ်ကမ်းမှ ထွက်ခွာရာတွင်ရေစီးအားကြောင့် မော်တော်ဦးလန်ကျသွားပြီး ဆိပ်ကမ်းတွင် ရပ်ထားသော ကုန်အမြန်ရေယာဉ်နှင့် ရိုက်မိကာ နစ်မြုပ်မှုဖြစ်ပွားကြောင်း သိရသည်။

ယင်း နစ်မြုပ်သော ရေယာဉ်အား ဟုမ္မလင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေ(၁၁)ဦးဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေယာဉ်ပေါ်ပါခရီးသယ်(၂၅)ဦးအနက် ရှာဖွေတွေ့ရှိသော ကလေးငယ်(၁)ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး(၁)ဦးအား ဟုမ္မလင်းကုတင်(၁၀၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.