Connect with us

International Organizations

ကုလသမဂ္ဂအထွေထွေညီလာခံက ပါလက်စတိုင်းအရပ်သားကာကွယ်ရေးဆုံးဖြတ်ချက်ကို သဘောတူချမှတ်

ကုလသမဂ္ဂအထွေထွေညီလာခံ၌ ပါလက်စတိုင်းအရေးဆွေးနွေးနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ကုလသမဂ္ဂ ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂအထွေထွေညီလာခံက ပါလက်စတိုင်းအရပ်သားများအား အကာအကွယ်ပေးရေး တိုက်တွန်းမှု ဆုံးဖြတ်ချက် တစ်ခုကို ဇွန်လ ၁၃ ရက်တွင် သဘောတူချမှတ်ခဲ့ကြောင်း သိရသည်။

အာရပ်နိုင်ငံများက ကျောထောက်နောက်ခံပေးထားသည့် အဆိုပါ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၁၂ဝ မဲ ၊ ကန့်ကွက်မဲ ၈ မဲ နှင့် ကြားနေမဲ ၄၅ မဲ အသီးသီးပေးခဲ့ကြသည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော အစ္စရေး နှင့် ပါလက်စတိုင်းတို့အကြား ပဋိပက္ခဖြစ်စဉ်များအတွင်း “ ဥပဒေဖောက်ဖျက်မှုအားလုံးအတွက် တိကျသော တာဝန်ခံမှု ရှိစေရန် အပါအဝင် အရပ်သားများ၏ လုံခြုံရေး ကောင်းမွန်စေရန် နှင့် ၎င်းတို့အား အကာအကွယ်ပေးရန် ” စတင်လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။

ပါလက်စတိုင်းအရပ်သားများအပေါ် အစ္စရေးစစ်တပ်က ခွဲခြားဆက်ဆံမှု ၊ အင်အားအလွန်အကျွံသုံးမှု နှင့် မည်သည့် အလွန်အကျွံပြုမှုမျိုးကိုမဆို ဟူသော ဆုံးဖြတ်ချက် စာသားကို ထည့်သွင်းထားကြောင်း သိရသည်။

အဆိုပါ ဆုံးဖြတ်ချက်ကို အယ်လ်ဂျီးရီးယား ၊ တူရကီ နှင့် ပါလက်စတိုင်း တို့က ဦးဆောင်တင်သွင်းခဲ့ပြီး မဲခွဲဆုံးဖြတ်မှု မပြုလုပ်ခင်မှာပင် နိုင်ငံများစွာ၏ ထောက်ခံမှုကို ရရှိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.