Connect with us

Politics, Law & Military

အမှန် အလုပ်ဖြစ်မည့် စီးပွားရေး မဟာဗျူဟာ ပေါ်လာရန် ဆောင်ရွက်လျက်ရှိဟု ဒုဝန်ကြီးပြောကြား

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်း ဖြေကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

မြန်မာ့ စီးပွား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် အလုပ်ဖြစ်မည့် စီးပွားရေး မဟာဗျူဟာ တစ်ရပ် ပေါ်ပေါက်လာစေရန် ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ ပြောကြားသည်။

“နိုင်ငံတော်က ဆောင်ရွက်လျက် ရှိတဲ့ MSDP နှင့် PIP လုပ်ငန်းစဉ်များကို ပြည်တွင်း ပြည်ပ ပညာရှင် များဖြင့် စဉ်ဆက်မပြတ် ဆွေးနွေး ဆောင်ရွက် ဖော်ထုတ်ခြင်းအားဖြင့် ပကတိအခြေအနေကို ထင် ဟပ်ပြီး အမှန်တကယ် အလုပ်ဖြစ်နိုင်မည့် မဟာဗျူဟာတစ်ရပ်ကို ရရှိလာနိုင်ရန် မျှော်မှန်း ဆောင်ရွက် လျက် ရှိပါတယ်” ဟု ၎င်းက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

မြန်မာနိုင်ငံ အစိုးရ အဆက်ဆက်မှာ ကဏ္ဍအလိုက် ဖိုရမ်များ၊ ကွန်ဖရင့်များ၊ အစည်းအဝေးများကို ကျင်းပခဲ့ကြပြီး ရလဒ်များနှင့် မူဝါဒဆိုင်ရာ ထောက်ခံ တင်ပြချက်များကို လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင်မူ အားနည်းလေ့ရှိသည်ကို သုံးသပ်တွေ့ရှိရကြောင်း၊ စီးပွားရေး မူဝါဒများ၊ လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက မိမိတို့နှင့် သက်ဆိုင်သော လုပ်ငန်းများ အကောင်အထည်ဖော်ဖို့ ဒုတိယ သမ္မတ (၁) ဦးဆောင်ပြီး မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးပွဲများ လစဉ် ကျင်းပပြုလုပ်ခဲ့ရာ ယခု ၁၆ ကြိမ် ရှိပြီဖြစ်ကြောင်း၊ အလားတူ ရင်းနှီး မြှုပ်နှံမှု ဖိုရမ်များ၊ ထိရောက်သော ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးပွဲများကိုလည်း ကျင်းပ ခဲ့ပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးမှာ မိမိတို့နှင့် သက်ဆိုင်သော အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းပြီး နိုင်ငံတော်က ချမှတ် ထားသည့် မူဝါဒများ အကောင်အထည်ဖော်နိုင်ရန် ကဏ္ဍအလိုက် မဟာဗျူဟာများ ရေးဆွဲပြီး စီမံချက်များ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါ မဟာဗျူဟာများမှ စီမံကိန်း လုပ်ငန်း အစီအစဉ်များ၊ လုပ်ငန်း ဆောင်ရွက်ချက်များ၊ စသဖြင့် အဆင့်ဆင့် အစီအစဉ်များ ချမှတ်နေကြသော်လည်း မတူညီသည့် ကဏ္ဍအလိုက် မူဝါဒ၊ စီမံကိန်းနှင့် မဟာဗျူဟာများ အကြားမှာအချင်းချင်း အပြန်အလှန် ညီညွတ်မှု၊ ပေါ်လစီ ဆက်စပ်မှု (coherence) အပိုင်းမှာ အားနည်းချက် ၇ှိသည့်အတွက် ၎င်း အခြေအနေကို ကုစားနိုင်ရေးအတွက် နိုင်ငံတော် အစိုးရ အေနေဖြင့် အားလုံး ပါဝင်သော မြန်မာ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု အစီအစဉ်(MSDP:_ Myanmar Sustainable Development Plan) ကို ရေးဆွဲ ပြုစုထားပြီးဖြစ်ကြောင်းလည်း ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။

ယင်း MSDP ကိုအပြီးသတ် အတည်ပြုပြီးပါက ကဏ္ဍအဆင့်မှာ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ဒေသအဆင့်မှာ တိုင်းဒေသကြီး ပြည်နယ်များ၏့ ဦးစားပေး စီမံကိန်းများကို ဖော်ထုတ် သတ်မှတ်ပြီး နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်နှင့် စီမံကိန်းများ (PIPs:_Public Investment Program Project) အဖြစ် သတ်မှတ်သွားပြီး ပေါ်ထွက်လာသော စီမံကိန်းများကို ဘဏ္ဍာရေး ဆိုင်ရာ လုပ်ငန်းစဉ်နှင့် ဘဏ္ဍာငွေ ရရှိနိုင်မည့် ရင်းမြစ် (source of financing) အပေါ်မူတည်ပြီး အစိုးရ ဘဏ္ဍာငွေ အဖြစ်ဆောင်ရွက် မည်၊ သို့မဟုတ် PIP ဖြင့် ဆောင်ရွက်မည် ဆိုသည်တို့ကို စိစစ် သတ်မှတ်သွားမှာ ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး အရာတော် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်မောင်သင်း၏ မေးခွန်းကို ဖြေကြားရာတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.