Connect with us

Videos

“ယူနန်အလှ တရုတ်ပန်းချီပြပွဲ” ဖွင့်ပွဲအခမ်းအနားကျင်းပ

wvojCvwzs8w

ရန်ကုန် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)

“ယူနန်အလှ တရုတ်ပန်းချီပြပွဲ”ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ တရုတ် ယဉ်ကျေးမှုစင်တာတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ယဉ်ကျေးမှုသံမှူး မစ္စတာ ထျန်ဆန့်ထင် က ယူနန်ပန်းချီပြပွဲသည် အများပြည်သူလေ့လာ ကြည့်ရှုရန် ပထမဆုံးဖွင့်လှစ်ပေးသည့် ပွဲဖြစ်ကြောင်း၊ ပြပွဲတွင် ပြသထားသည် တရုတ်ယဉ်ကျေးမှုပန်းချီ အနုပညာလက်ရာများကို လေ့လာကြည့်ရှုကာ တရုတ်-မြန်မာ ပန်းချီပညာရှင်များ အပြန်အလှန်နှီးနှောဖလှယ် သင်ယူနိုင်ကြမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ယူနန်ပြည်နယ် ယဉ်ကျေးမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး မစ္စဝမ်ကျန်းဟုန်က ယခုကျင်းပသည့် ပန်းချီပြပွဲတွင် ယူနန်ပြည်နယ်၏ယဉ်ကျေးမှု၊သဘာဝအလှအပများ၊ ပြုပြင်ပြောင်းလဲရေးတံခါးဖွင့်ဝါဒကျင့်သုံးသည့် နှစ် ၄၀ ကာလအတွင်း အောင်မြင်မှုများကို သရုပ်ဖော်ရေးဆွဲထားသော နာမည်ကျော်ပန်းချီပညာရှင်များ၏ ပန်းချီလက်ရာများပြသထားခြင်းဖြစ်ကြောင်း၊ ဤပြပွဲကတစ်ဆင့် နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေး စာမျက်နှာသစ်ကို လျှောက်လှမ်းနိုင်ပြီး အပြန်အလှန်နားလည်မှုများ တစ်ဆင့်တိုးပွားကာ ပိုမိုခိုင်မြဲသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို တည်ဆောက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

“ယူနန်အလှ တရုတ်ပန်းချီပြပွဲ”တွင် ယူနန်နာမည်ကျော်ပန်းချီပညာရှင်များ၏ လက်ရာမြောက်ပန်းချီ ၃၀ ကျော်ကို ခင်းကျင်းပြသထားရာ လူပုံ၊ တောတောင်ရေမြေသဘာဝအလှရှုခင်းပုံ၊ ကျေးငှက်ပန်းမံပုံတို့ဖြင့် ယူနန်အား သရုပ်ဖော်ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပန်းချီပြပွဲကို ယူနန်ပြည်နယ်ယဉ်ကျေးမှုဦးစီးဌာနနှင့် ရန်ကုန်မြို့တရုတ်ယဉ်ကျေးမှုစင်တာမှ ကြီးမှူးကျင်းပပြီး ယူနန်ပြည်နယ် ယဉ်ကျေးမှုဦးစီးဌာန ပြည်ပဆက်ဆံရေးဌာန၊ ယူနန်ပန်းချီအကယ်ဒမီ၊ ယူနန်ပန်းချီအနုပညာပြတိုက်တို့မှ တာဝန်ယူကျင်းပခြင်းဖြစ်ကြောင်း၊ ၎င်းပြပွဲကို ဇွန်လ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.