မက္ကဆီကို စီးတီး၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ မက္ကဆီကို စီးတီး ရှိ ဒေသတွင်း ဈေးတစ်ခုတွင် ဇူလိုင် ၂၃ ရက်က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ဦးသေဆုံးပြီး အခြားလူ ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1)2009)သည် ရန်ကုန်တိုင်းဒေသကြီးတွင် သုံးဦး၊ ချင်းပြည်နယ် မတူပီမြို့တွင် ၁၀ဦးဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အမ္မန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) ဂျော်ဒန်နိုင်ငံ အမ္မန်မြို့ရှိ အစ္စရေးသံရုံးအတွင်း၌ ဇူလိုင် ၂၃ ရက် က ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဂျော်ဒန်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ပြီး အခြားလူတစ်ဦး နှင့် အစ္စရေးဝန်ထမ်းတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့၌ ဖမ်းဆီးထားသော တရားခံ ၃၁ဦးအား အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်မှုရှိမရှိ စစ်ဆေးဆောင်ရွက်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။