Connect with us

Europe

ယူကေရှိကျောင်းတစ်ကျောင်း ၌ အတိုအပြတ်ဝတ်ဆင်ခြင်းကိုတားမြစ် ၊ ကျောင်းသားများအား စကတ်ဝတ်ရန် အကြံပြုထား

စကတ်အတိုဖြင့် ကျောင်းတက်နေသော အင်္ဂလန်ကျောင်းသူ တစ်ဦးအားတွေ့ ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဇွန် ၆ ရက်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံရှိ အလယ်တန်းကျောင်းတစ်ခုတွင် နွေရာသီကာလအတွင်း ကျောင်းသားများအား အတိုအပြတ်ဝတ်ခြင်းကို တားမြစ်ပိတ်ပင်လိုက်ကြောင်း ၊ သို့ရာတွင် ၎င်းအစား စကတ်များကို ဝတ်ဆင်နိုင်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်ဟု ဒေသတွင်းမီဒီယာက ဇွန် ၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အော့စဖို့ရှိုင်းယား(Oxfordshire) ရှိ Chiltern Edge School အလယ်တန်းကျောင်းတွင် ကျောင်းဝတ်စုံသစ် အစီအစဉ်ကို စတင်မိတ်ဆက်ပေးခဲ့ကြောင်း ၊ ယင်းအစီအစဉ်အရ ကျောင်းသားကျောင်းသူများသည် ဘောင်းဘီရှည် (သို့မဟုတ်) စကတ် ကိုသာ ဝတ်ဆင်ခွင့်ရှိကြောင်း ၊ နွေရာသီ အလွန်ပူပြင်းသော နေ့ရက်များမှာပင် အတိုအပြတ်များ ဝတ်ဆင်ခွင့်မရှိကြောင်း သိရသည်။

သို့သော်လည်း လိင်ပိုင်းဆိုင်ရာ ကြားနေရေးမူဝါဒ ၏ အစိတ်အပိုင်းတစ်ခုအရ ကျောင်းသားများသည် စကတ်ကို အမျိုးသမီးများကဲ့သို့အလားတူ ဝတ်ဆင်နိုင်ကြောင်း ကျောင်းသားမိဘတစ်ဦးက Independent သတင်းစာသို့ပြောကြားခဲ့သည်။

ကျောင်းအုပ်ဆရာကြီး Moira Green က ကျောင်းဝတ်စုံသစ် ရည်ရွယ်ချက်သည် ကျောင်းသားများအတွက် ပို၍ စည်းကမ်းတကျ ဖြစ်စေကြောင်း ၊ အတိုအပြတ် ပုံစံသည် အဓိကကျောင်းဝတ်စုံ အစိတ်အပိုင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ကျောင်းဝတ်စုံသစ်နှင့်ပတ်သက်၍ ကျောင်းသားမိဘများ နှင့် လူမှုကွန်ရက်များပေါ်တွင် ဝေဖန်မှုများ ရှိနေပြီး ယခုရက်သတ္တပတ်တွင် ဗြိတိန်နိုင်ငံ၌ အပူချိန် ၂၆ ဒီဂရီ ဆဲလ်စီးယက်စ်ထိ ရှိခဲ့ကြောင်း သိရသည်။

“ ဒါဟာ ရှက်စရာပါ။ ဒီကိစ္စပေါ် ကျွန်တော်တို့မလုပ်နိုင်ပါဘူး။ ကျွန်တော်တို့က ra-ra ဒူးအထက် စကတ်တွေ ဒါမှမဟုတ် အသားကပ် ဂျင်းတွေကို တောင်းဆိုနေတာမဟုတ်ပါဘူး။ တစ်နှစ်မှာ နှစ်လလောက်ပဲ မီးခိုးရောင်ဘောင်းဘီအတိုတွေကို ဝတ်ခွင့် တောင်းဆိုနေတာပါ။ ဒါဟာ ပြဿနာကြီးတစ်ခုမဟုတ်ပါဘူး” ဟု ကျောင်းသားမိဘတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Daily Mail သတင်းစာက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.