ပါရီ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ အလယ်ပိုင်း Mazoires မြို့ တွင် သြဂုတ် ၆ ရက် က ခရီးသွားလာရေးဆိုင်ရာ လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ ကလေးငယ်တစ်ဦး အပါအဝင် လူ ၃ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းစာတစ်ခုကဖော်ပြခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ကရင်ပြည်နယ် အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုနှင့် သံလွင်မြစ်ရေမြင့်တက်ခဲ့မှုကြောင့် သြဂုတ်လ(၆)ရက်နေ့အထိ အခြေခံပညာ ကျောင်းပေါင်း ၂၁၃ ကျောင်း ပိတ်ထားရဆဲ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) မွန်ပြည်နယ် ၊ ချောင်းဆုံ မြို့နယ်၌ စာသင်ကျောင်းဆောင် ဆွေးမြေ့ပြိုကျမှု ဖြစ်ပွားခဲ့ရာ ကျောင်းသူ/သား ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ပေကျင်း၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိသည် ၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ Maria Fernanda Espinosa Garceနှင့် သြဂုတ် ၆ ရက်က ပေကျင်းမြို့၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။