ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်တွင် ယနေ့မြန်မာစံတော်ချိန် (၀၆း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံအနောက် ဘင်္ဂလားကမ်းခြေသို့ ရွေ့လျားဝင်ရောက်ခဲ့ပြီး ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ဘန်ကောက် ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ဆူပူလှုပ်ရှားမှုများရှိနေသည့် ထိုင်းနိုင်ငံ တောင်ဘက်အစွန်းပိုင်း ရှိ စာသင်ကျောင်းတစ်ကျောင်း၏ အပြင်ဘက် တွင် စက်တင်ဘာ ၆ ရက်က ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာ သားအဖနှစ်ဦးသေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘဘာ ၆ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် သတ်မှတ်အမြန်နှုန်း ကျော်လွန် မောင်းနှင်သော မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူလျက်ရှိရာ ယနေ့တွင် မော်တော်ယာဉ် ၂၁ စီးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
စီချွမ်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)အလေးချိန်အားဖြင့် ၁တန်ရှိပြီး ၁.၅ ကုဗ မီတာ ရှိသည့် တရုတ်နိုင်ငံ၏ အကြီးဆုံးကီဝီသီး ကိတ်မုန့်ကြီးကို စီချွမ်ပြည်နယ်ရှိ ရှီဖန်တွင် ပြုလုပ်ခဲ့သည်။ ကိတ်မုန့်ကို ရှယွမ် ကျေးရွာ၏ရင်ပြင် တစ်ခုတွင် စက်တင်ဘာလ ၃ ရက်နေ့က ပုံဖော်ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။ ။...
လန်ဒန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံသည် ၂၀၁၁ခုနှစ်မှ လက်ရှိ ၂၀၁၆ခုနှစ် အတွင်း ပထမဆုံးအဖြစ် အီရန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ခန့်အပ်ခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ပျော့ပျောင်းလာသည့် လက္ခဏာတစ်ရပ်ဖြစ်ကြောင်း သိရသည်။