Connect with us

Politics, Law & Military

တောင်ကြီးမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား၁၆၀,၀၀၀ ကျော် ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးများ နှင့်အတူ ဖမ်းဆီးရမိသူအားတွေ့ရစဉ် (ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် တွင် စိတ်ကြွရူးသွပ်ပြား ၁၆၀,၀၀၀ ကျော်ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မေလ ၃၁ ရက်နေ့ ၁၃း၃၀နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၂)တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ်၊ ပန်းတင်ကျေးရွာအုပ်စု၊ ဂနိုင်ရွေးကျေးရွာနေ ခွန်သူရမောင် (ခ)နှုတ်ခမ်းမွှေး ၏နေအိမ်ကိုရှာဖွေရာ စတိုခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၂,၀၀၀ ပြား နှင့် မြေအောက်ခန်းကုတင်အောက်ရှိ သံသေတ္တာအတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂၄,၀၀၀ ပြား တို့ကို သိမ်းဆည်းရမိခဲ့ကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.