ရီယိုဒီဂျနေရို ၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ ပြည်ထောင်စုရဲတပ်ဖွဲ့သည် အကြမ်းဖက်မှုကျူးလွန်ရန် သံသယရှိသူ နှစ်ဦးအား သြဂုတ်လ ၁၁ ရက်တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်းသိရသည်။
ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ဖဆပလ အိမ်ယာဝင်းအတွင်း ယနေ့ သြဂုတ်လ ၁၂ ရက် နံနက် ၁၀နာရီကျော်တွင် သစ်ပင်ကြီးတစ်ပင်ပြိုလဲကာ လူတစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိခဲ့ကြောင်း ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မနီလာ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ Paranque မြို့ရှိ အကျဉ်းထောင်တစ်ခုတွင် သြဂုတ် ၁၁ရက်ညက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ တရုတ်လူမျိုးအကျဉ်းသား နှစ်ဦးအပါအဝင် လူ ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း DZBB ရေဒီယို က ထုတ်လွှင့်ခဲ့သည်။
နေပြည်တော် ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာ ရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း (Mr.Song...
ဆူဝ ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ နယူးကယ်လီဒိုးနီးယားကျွန်းနိုင်ငံ၌ သြဂုတ်လ ၁၂ ရက်က ပြင်းအား ၇.၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုပထဝီဝင်ဌာနလေ့လာတိုင်းတာရေး(USGS) ဌာနက ဆိုသည်။