ရန်ကုန်၊ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်း သုံးမျိုးကို အများပြည်သူသိရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇန်နဝါရီလ ၂၁ ရက်နေ့ သတင်းထုတ်ပြန်ထားသည်။
နယူးဒေလီ၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အနောက်မြောက်ရှိ ခရက်ကာမုန့်ထုတ်လုပ်သော စက်ရုံတစ်ရုံ၌ ဇန်နဝါရီလ ၂၀ ရက် ညပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း မီးသတ်ဋ္ဌာန တာဝန်ရှိသူများ၏ ပြောကြားချက်အား ကိုးကား၍ မီဒီယာများက သတင်းဖော်ပြထားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ဆန်တန်ချိန် ၁၃၀၀၀ကျော် တင်ပို့နိုင်ခဲ့ကြောင်း မောင်တော ကုန်သွယ်ရေးစခန်းထံမှ သိရသည်။
နယူးယောက် ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ဇန်နဝါရီ ၂ဝ ရက်တွင် လူထောင်ပေါင်းများစွာသည် လမ်းမများပေါ်၌ အမျိုးသမီးအခွင့်အရေး ၊ ရွှေ့ပြောင်းအခြေချသူများ အခွင့်အရေးများအပါအဝင် သမ္မတဒေါ်နယ်ထရမ့်၏ မူဝါဒများအပေါ် တိုက်ရိုက်ကန့်ကွက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိဟိုတယ်များ၏ အခန်းခဈေးနှုန်းများသည့် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ဈေးနှုန်းကြီးမြှင့်နေမှုအား ပြန်လည်သုံးသပ်နိုင်ရေးများ ဆောင်ရွက်ရန် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောသည်။