Connect with us

North America

မက္ကဆီကိုတောင်ပိုင်းတွင် သေနတ်ပစ်ခတ်မှုကြောင့် လူ ၁၆ ဦးသေဆုံး

မက္ကဆီကိုနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကို စီးတီး၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ တောင်ပိုင်း Guerrero ပြည်နယ် Zihuatanejo ကမ်းရိုးတန်းမြို့ တွင် လက်နက်ကိုင် ဒုစရိုက်ဂိုဏ်းအဖွဲ့ဝင်များ နှင့် ရဲတပ်ဖွဲ့အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ ဒုစရိုက်ဂိုဏ်းဝင် ၁၀ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၆ဦးသေဆုံးခဲ့ကြောင်း ဒေသခံအစိုးရက ဧပြီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Guerrero ပြည်နယ် လုံခြုံရေးဌာန ပြောရေးဆိုခွင့်ရှိသူ Roberto Alvarez Heredia က ယင်းတိုက်ခိုက်မှုသည် ဧပြီ ၁၇ ရက် နေ့လည်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်း၏ ထုတ်ပြန်ချက်၌ Coacuyul အသိုက်အဝန်းတွင် ဒုစရိုက်ဂိုဏ်းတစ်ခုသည် လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးအား စတင်ပစ်ခတ်ခဲ့ပြီးနောက် ပထမဆုံးတိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ပါရှိသည်။

အပြန်အလှန်ပစ်ခတ်မှုများသည် မိနစ်၃၀ ကြာမြင့်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက သေနတ်သမား ၁၀ဦးကို ပစ်သတ်နိုင်ခဲ့ကြောင်း သိရသည်။

ပထမတိုက်ခိုက်မှုအပြီး မိနစ်ပေါင်းများစွာ ကြာမြင့်ပြီးချိန်တွင် Las Mesillas အသိုက်အဝန်း၌ အခြားလှည့်ကင်းတစ်ခု တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၆ဦးသေဆုံးခဲ့ကြောင်း သိရသည်။

Guerrero ပြည်နယ်သည် လွန်ခဲ့သော ၂နှစ်အတွင်း မက္ကဆီကိုနိုင်ငံ၌ ပဋိပက္ခအဖြစ်များဆုံး ပြည်နယ်တစ်ခုဖြစ်လာခဲ့ပြီး တစ်နှစ်အတွင်း လူသတ်မှုပေါင်း ၂,၂၀၀ ကျော် ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117