Connect with us

Europe

ရုရှားစစ်တပ်က ပထမသုံးလပတ်အတွင်း မျှော်မှန်းထားသည်ထက် စစ်လက်နက်များ ပိုမိုရရှိခဲ့

၂ဝ၁၆ ခုနှစ် သြဂုတ် ၁၉ ရက်တွင် မြေထဲပင်လယ်အရှေ့ ခြမ်းရှိ ရုရှားရေတပ်စစ်သင်္ဘောမှ ပစ်လွှတ်လိုက်သော တာဝေးပစ် Kalibr ခရုဒုံးကျည်တစ်စင်းအားတွေ့ ရစဉ် (ဆင်ဟွာ)

မော်စကို ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံစစ်လက်နက်ထုတ်လုပ်ရေးက နိုင်ငံ၏ လက်နက်ကိုင်အဖွဲ့များအတွက် ပထမသုံးလပတ်အတွင်း မျှော်မှန်းထားသည်ထက် စစ်လက်နက်များကို ပိုမိုဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Yuri Borisov က ဧပြီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

“ ပထမသုံးလတာကာလအတွင်း ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားတဲ့ စစ်လက်နက်ထောက်ပံ့မှုကို ၄၄ ရာခိုင်နှုန်းအထိ ဖြည့်ဆည်းနိုင်ခဲ့ပါတယ် ” ဟု အစည်းအဝေးပွဲတစ်ခုတွင် Borisov က ဆိုသည်။

ယခုနှစ်၏ ပထမသုံးလအတွင်း ရုရှားနိုင်ငံလေတပ်သည် လေယာဉ်သစ် ၂ဝ စင်း ၊ ပြုပြင်ပြီး လေယာဉ် ၄ စင်း ၊ ရဟတ်ယာဉ်သစ် ၃ဝ စင်း ၊ ပြုပြင်ပြီး ရဟတ်ယာဉ် ၃ စင်း ၊ ရေဒါစခန်း ၃ ခု နှင့် ဗုံးကျဲလေယာဉ် အမျိုးမျိုးအတွက် ဗုံးအလုံးပေါင်း ၄ဝဝဝ ကို ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

တစ်ချိန်တည်းမှာပင် ရုရှားရေတပ်က မဟာဗျူဟာမြောက်ဒုံးကျည်ပစ် ရေငုပ်သင်္ဘော Tula ကိုပြင်ဆင်ထိန်းသိမ်းမှုလုပ်ဆောင်နိုင်ခဲ့ကြောင်း ၊ ထို့ပြင် အခြား စစ်သင်္ဘောသုံးစင်း နှင့် ထောက်ပံ့ရေးရေယာဉ်များ ၊ ရဟတ်ယာဉ် ၂ စင်း နှင့် Kalibr ခရုဒုံးကျည် ၄၆ စင်းကို ရရှိခဲ့ကြောင်း Borisov က ပြောကြားခဲ့သည်။

ထို့ပြင် မြေပြင် နှင့် လေကြောင်းတပ်ဖွဲ့ဝင်များကလည်း တင့်ကားအမျုးိမျိုး နှင့် စစ်ဘက်သုံးထရပ်ကားများ ၊ ဆက်သွယ်ရေးကိရိယာများ ၊ လေယာဉ်ပစ်ဒုံးကျည်စနစ်များ ၊ လေထီးများ နှင့် မောင်းသူမဲ့ ဒရုန်းယာဉ်ငယ်များကိုလည်း ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

မဟာဗျူဟာမြောက် ဒုံးကျည်တပ်ဖွဲ့အနေဖြင့် “ ခေတ်မီစစ်လက်နက်များ နှင့် စစ်ဘက်အသုံးအဆောင်များ” ကို ဆက်လက်လက်ခံရရှိသွားမည်ဖြစ်ကြောင်း Borisov က ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)