အန်ကာရာ၊ မတ် ၂၃ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အလယ်ပိုင်း Nevsehir ပြည်နယ် တွင် မတ် ၂၃ ရက် က F-16တိုက်ဂျက်လေယာဉ်တစ်စင်း ပျက်ကျမှု ဖြစ်ပွားခဲ့ရာ တူရကီစစ်သားတစ်ဦးသေဆုံးကြောင်း သိရသည်။
ဟိုချီမင်းစီးတီး၊ မတ် ၂၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ ရှိ အထပ် ၂၀ပါ တန်ဖိုးကြီးအိမ်ရာ တစ်ခု တွင် မတ် ၂၃ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁၃ဦးသေဆုံးပြီး အခြားလူ ၁၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်ရဲတပ်ဖွဲ့ ကပြောကြားခဲ့သည်။
နေပြည်တော် ၊ မတ် ၂၃ ရက်(ဆင်ဟွာ) ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ် တင်မြှောက်လိုက်သည့် ဒုတိယ သမ္မတ ဦးဝင်းမြင့်၏ အမည်အား ပြည်ထောင်စု လွှတ်တော် နာယကထံ တင်ပြသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယနေ့ကြေညာခဲ့သည်။
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ဘရူနိုင်းဘုရင့်ဖလားဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုများထွက်ပေါ် လာ ပြီဖြစ်ပြီး မြန်မာအသင်းသည် နာမည်ကြီး ထိုင်း၊ အိမ်ရှင် ဘရူနိုင်းအသင်းတို့နှင့် တစ်အုပ်စုတည်းတွင် ကျရောက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
တိုကျို၊ မတ် ၂၃ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ တောင်ပိုင်း တိုဟိုကုဒေသ ရှိ မီရာဂီဟီ စီရင်စု ၏ ပစိဖိတ်ကမ်းရိုးတန်း အလွန်တွင် ကနဦးတိုင်းတာချက် အရ အင်အား ၅.၁ ပမာဏရှိသည့် ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသဋ္ဌာနက မတ် ၂၃ ရက်တွင်ပြောကြားခဲ့သည်။