Connect with us

Sport

ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲတွင် မြန်မာအသင်း ထိုင်း၊ အိမ်ရှင်ဘရူနိုင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်

မြန်မာအသင်းလေ့ကျင့်မှုများဆောင်ရွက်နေစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

ဘရူနိုင်းဘုရင့်ဖလားဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုများထွက်ပေါ် လာ ပြီဖြစ်ပြီး မြန်မာအသင်းသည် နာမည်ကြီး ထိုင်း၊ အိမ်ရှင် ဘရူနိုင်းအသင်းတို့နှင့် တစ်အုပ်စုတည်းတွင် ကျရောက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းပြိုင်ပွဲတွင် အာဆီယံဒေသတွင်း ခုနစ်သင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု(က)တွင် တီမော၊ မြန်မာ၊ ဘရူနိုင်း၊ ထိုင်း၊ အုပ်စု(ခ) တွင် လာအို၊ စင်ကာပူနှင့် ကမ္ဘောဒီးယားအသင်းတို့ ပါဝင်နေသည်။ ယင်းပြိုင်ပွဲကို ဧပြီ ၂၃ ရက် မှ မေ ၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ အမှတ် အများဆုံးနှစ်သင်းစီမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရ မည်ဖြစ်သည်။ မြန်မာအသင်းသည် နာမည်ကြီး ထိုင်း၊ အိမ်ရှင် ဘရူနိုင်းအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသော ကြောင့် ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရရန် ရုန်းကန်ရဖွယ် ရှိနေသည်။

ယင်းပြိုင်ပွဲတွင် ၂ဝ၁၉ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲ အတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် မြန်မာ ယူ-၂၁ အသင်း ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာက ကျင်းပခဲ့သည့် ၂ဝ၁၇ ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲတွင် တတိယရခဲ့သည့်အသင်းကို အခြေခံကာ ဖွဲ့စည်းထားခြင်းဖြစ်သည်။ မြန်မာအသင်း သည် ယင်းပြိုင်ပွဲကို အုပ်စုနှင့် တတိယလုပွဲတွင် အနိုင်ကစားခဲ့သည့် ထိုင်းအသင်း နှင့် ထပ်မံတွေ့ဆုံနေပြီး နောက်တစ်ဆင့်တက်ရောက်ရန် အဓိကယှဉ်ပြိုင်ရဖွယ်ရှိနေ သည်။ ဘရူနိုင်းဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲကို ၂ဝ၁၄ ခုနှစ်က နောက်ဆုံး ကျင်းပခဲ့ပြီး ဗိုလ်လုပွဲတွင် မြန်မာအသင်းက ဗီယက်နမ်အသင်းကို လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

မြန်မာ ယူ-၂၁ အသင်းသည် ယင်းပြိုင်ပွဲယှဉ်ပြိုင်ရန် ကစားသမား ၂၅ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး လက်ရှိလူငယ်အသင်းများတွင် ခြေစွမ်းပြနေသည့် ကစားသမားများအစုံအလင် ပါဝင်လာသည်။ မြန်မာ ယူ-၂၁ အသင်းသည် ယခုနှစ် အတွင်း နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်မည်ဖြစ်ပြီး နှစ်ကုန်ပိုင်းတွင် ပြည်ပလေ့ကျင့် ရေးခရီးစဉ်များ သွားရောက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.