ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ တာမွေ၊ ကျောက်တံတားနှင့် ဒလမြို့နယ်တို့၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၃၅ ရွက်နှင့် ၅,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၀ ရွက် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နယူးဒေလီ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အက်ဆမ်ပြည်နယ်တွင် ဇန်နဝါရီလ ၂၀ ရက် နံနက်ပိုင်းက အင်အား အသင့်အတင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ကိုင်ရို၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ သမ္မတ အဗ္ဗဒဲလ်-ဖက်တာ အယ်လ်-စီစီ (Abdel-Farrah al-Sisi) သည် သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံနိုင်ရန် မတ်လတွင် ကျင်းပရန်လျာထားသော သမ္မတ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဇန်နဝါရီလ ၁၉ ရက်က ကြေညာလိုက်သည်။
စတော့ဟုမ်း ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဆွီဒင် နိုင်ငံ ရဲတပ်ဖွဲ့ က ဇန်နဝါရီ ၁၉ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက် တွင် ၂၀၁၇ ခုနှစ်၌ ဆွီဒင် နိုင်ငံ တွင် သေနတ် ပစ်ခတ်မှုပေါင်း ၃၂၀ ကြိမ် ဖြစ်ပွား...
ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) မင်းတပ်မြို့နယ် နှုံးကျေးရွာအနီးတွင် အောက်ချင်းငှက် ၁၂ ကောင် အုပ်စုကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။