Connect with us

Asia

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်တွင် ပြင်းအား ၅.၂ အင်အားရှိသော ငလျင်လှုပ်

ငလျင်ကြိမ်နှုန်း တိုင်းတာမှုပုံအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အက်ဆမ်ပြည်နယ်တွင် ဇန်နဝါရီလ ၂၀ ရက် နံနက်ပိုင်းက အင်အား အသင့်အတင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ မိုးလေဝသဋ္ဌာန၏ ထုတ်ပြန်ချက်အရ ငလျင်သည် ပြင်းအား ၅.၂ ရစ်ချ်တာစကေးရှိပြီး ဒေသစံတော်ချိန် နံနက် ၆း၄၄ နာရီတွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။အဆိုပါ ငလျင်သည် အက်ဆမ်ပြည်နယ် ဒစ်ပါမြို့ အနောက်ဘက် ကိုခရာဂျာမြို့အား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။“ငလျင်ဗဟိုချက်ကတော့ မြောက်လတ္တီကျု ၂၆.၃ ဒီဂရီနဲ့ အရှေ့လောင်ဂျီကျု ၈၉.၈ ဒီဂရီ ဖြစ်ပြီး ငလျင်အနက်က ၁၀ ကီလိုမီရှိပါတယ်” အိန္ဒိယနိုင်ငံ မိုးလေဝသဋ္ဌာနက ဆိုသည်။

ငလျင်လှုပ်ခတ်မှုအား ပြည်နယ်တစ်ခုလုံးမှ ခံစားခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။သို့သော်လည်း ငလျင်ကြောင့် လတ်တလော ပျက်စီးဆုံးရှုံးမှုသတင်းနှင့် သေဆုံးသူများသတင်းအား မသိရှိရသေးပေ။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117