Connect with us

Politics, Law & Military

တာမွေ၊ ကျောက်တံတားနှင့် ဒလမြို့နယ်တို့၌ ငွေစက္ကူတချို့ သိမ်းဆည်းရမိ

ငွေစက္ကူအစစ်များအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေ၊ ကျောက်တံတားနှင့် ဒလမြို့နယ်တို့၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၃၅ ရွက်နှင့် ၅,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၀ ရွက် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၇ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ မှ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့ထိ တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲ ကျောက်မြောင်းသို့ ဦးသန်းစိုး အပါအဝင်လူပေါင်း၂၉ ဦး လာရောက်အပ်နှံ သည့် ငွေများအနက်မှ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၂၆ ရွက်နှင့် ၅,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၉ ရွက်၊ ကျောက်တံတားမြို့နယ် (၁)ရပ်ကွက် မြန်မာ့စီးပွားရေးဘဏ်ခွဲ(၃)သို့ ဦးစိန်အောင်ဦးအပါအဝင် လူ၆ ဦး လာရောက်အပ်နှံသည့် ငွေများအနက်မှ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၆ ရွက်၊ ဒလမြို့နယ်၊ ဗညားဒလရပ်ကွက်ရှိ ကမ္ဘောဇဘဏ်သို့ ဦးဇော်မျိုးအေး(၃၉)နှစ် အပါအဝင်လူ ၄ ဦး လာရောက်အပ်နှံသည့် ငွေများအနက်မှ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၃ ရွက်နှင့် ၅,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၁ ရွက် တွေ့ရှိသဖြင့် သက်ဆိုင်ရာ ရဲစခန်းများသို့ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

မှုခင်းရဲတပ်ဖွဲ့မှ အဆိုပါငွေစက္ကူအတုများအား ပဏာမစိစစ်ခဲ့ရာ နိုင်ငံခြား စက္ကူအမျိုးအစားဖြစ်ပြီး စက္ကူသား ချောနေခြင်း၊ အတုသည် အစစ်ထက် အလျား၊ အနံ ၁ မီလီမီတာစီတိုခြင်း၊ အရောင်မှေးမှိန်ခြင်း၊ လုံခြုံရေးကြိုး အရောင်ပြောင်းလဲမှုမရှိဘဲ ခရမ်းရောင်သာပါရှိခြင်း၊ ကာလာပရင်တာနည်းဖြင့် တုပထားသော ငွေစက္ကူအတုများ ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.