လန်ဒန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) နန်းသက် အရှည်ကြာဆုံး ဧကရာဇ် ဖြစ်သည့် ဗြိတိန် ဘုရင်မကြီး အဲလိဇဘတ် ၂ ၏ အသက် ၉၀ နှစ်ပြည့် မွေးနေ့အား ဂုဏ်ပြုသေနတ်များ ပစ်ဖောက်ခြင်းဖြင့် ဧပြီလ ၂၁ ရက်က ပြုလုပ် ကျင်းပခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ က ထုတ်လုပ်သော လူ၂ယောက်စီး အလိုအလျောက်မောင်းကားအား နိုင်ငံအတွင်း ပထမဆုံးအနေဖြင့် အရှည်လျားဆုံးခရီးစဉ်အဖြစ် ကီလိုမီတာ ၂ထောင်အထိ မောင်းနှင်စမ်းသပ်ပြီးကြောင်း သိရသည်။ အဆိုပါ မောင်းသူမဲ့ကားကို ချန်အန်း မော်တော်ထုတ်လုပ်ရေးမှ ထုတ်လုပ်ခဲ့ပြီး နိုင်ငံ၏ အနောက်တောင်ဘက် ချုံကျင်းဒေသ မှ...
နိုင်ရိုဘီ ၊ ဧပြီ ၂၂ ရက် ( ဆင်ဟွာ ) တရုတ်နိုင်ငံနှင့် အာဖရိကတိုက်အကြား ကုန်သွယ်ရေး ကြီးထွားလာခြင်းနှင့်အတူ နှစ်နိုင်ငံ ပြည်သူများအကြား အပြန်အလှန် ကူးလူးဆက်ဆံမှု များပြားလာခဲ့ရာ အာဖရိက တက္ကသိုလ်ကျောင်းသားများနှင့် လူငယ်များကြားတွင်လည်း တရုတ်ဘာသာစကား သင်ယူသူ များပြားလာကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) မန္တလေး တိုင်းဒေသကြီး အတွင်း ကြက်ငှက် တုပ်ကွေးရောဂါ ကူးစက်မှု မရှိစေရန်အတွက် အဓိက ဝင်ပေါက် နေရာများကို သတ်မှတ်၍ ရောဂါ ကြိုတင်ကာကွယ်မှု လုပ်ငန်းများကို စစ်ဆေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေး...
အစ္စလမ်မာဘတ် ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်ကြီး Raheel Sharif သည် နိုင်ငံအတွင်းရှိ စစ်တပ်အရာရှိ ၁၁ ဦးအား အကျင့်ပျက် ခြစားမှုဖြင့် ဧပြီလ ၂၁ ရက်တွင် ရာထူးမှ ဖယ်ရှားလိုက်သည်။