Connect with us

Videos

တရုတ်နိုင်ငံယန်ဇီမြစ်ပေါ်တွင်တည်ဆောက်ထားသော ရထားလမ်းတံတားသစ်ကြီး စံချိန် ၃ ခု ချိုးဖျက်မည်

ချုံကျင်း၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကျင်းပြည်နယ်ရှိ ပါးရှန်ထူရထားလမ်းသွားတံတားသစ်ကြီး ကမ္ဘာ့စံချိန် ၃ ခုချိုးဖျက်မည်ဖြစ်ကြောင်းသိရသည်။ ထိုတံတားမှာ ယန်ဇီမြစ်ပေါ်တွင်တည်ဆောက်ထားခြင်းဖြစ်သည်။

၎င်းမှာ ကမ္ဘာ့ပထမဆုံးနှစ်ထပ် ရထားလမ်းတံတားသစ်တစ်စင်းဖြစ်ခြင်း၊ ရထားလမ်းကြောင်း ၆ ခု ပါ ကမ္ဘာ့ပထမဆုံး ရထားလမ်းတံတားဖြစ်ခြင်း၊ တန်ချိန်အများဆုံးအလေးချိန်ခံနိုင်ရည်ရှိခြင်းစသည့်အချက်များဖြင့် ကမ္ဘာ့စံချိန်ချိုးနိုင်မည်ဖြစ်သည်။ ချုံကျင်းနှင့်ကွေ့ယန် မြို့နှစ်မြို့ကိုချိတ်ဆက်ထားသောတံတားဖြစ်ပြီး ယခင်က မြို့နှစ်မြို့ကြားခရီးသွားကြာချိန် ၁ဝ နာရီမှ တံတားပြီးစီးပါက ကြာချိန် ၂ နာရီသာကြာမြင့်တော့မည်ဖြစ်သည်။ ထိုတံတားကို နောက်ဆုံးအဆင့်စစ်ဆေးမှုများပြုလုပ်ပြီးပါက မကြာမီဖွင့်လှစ်တော့မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.