Connect with us

Science & Technology

တရုတ်နိုင်ငံမှ မြေအရင်းအမြစ် ရှာဖွေဖော်ထုတ်ရေး ဂြိုဟ်တု လွှတ်တင်

တရုတ်နိုင်ငံမှ မြေအရင်းအမြစ် ရှာဖွေဖော်ထုတ်ရေး ဂြိုဟ်တုတစ်လုံးအား ဇန်နဝါရီ ၁၃ ရက်တွင် လွှတ်တင်နေစဉ် (ဆင်ဟွာ)

ကျိုချွမ်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကိုဖီသဲကန္တာရ ရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေး စင်တာက ပေကျင်းစံတော်ချိန် ဇန်နဝါရီ ၁၃ ရက် နေ့လည် ၃း၁၀နာရီတွင် မြေအရင်းအမြစ် ရှာဖွေဖော်ထုတ်ရေး ဂြိုဟ်တုတစ်လုံးအား သတ်မှတ်ဂြိုဟ်ပတ်လမ်းကြောင်း အတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂြိုဟ်တုအား Long March-2D ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံဖြင့် အာကာသအတွင်းသို့ သယ်ဆောင်သွားခြင်းဖြစ်သည်။ယခုလွှတ်တင်မှုသည် Long March အမျိုးအစား ဒုံးပျံ၏ ၂၆၃ကြိမ်မြောက် လွှတ်တင်မှုဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117