Connect with us

Europe

ပေါ်တူဂီနိုင်ငံမြောက်ပိုင်း၌ အဆောက်အအုံ မီးလောင်မှုဖြစ်ပွား ၊ အနည်းဆုံးလူ ၈ ဦးသေဆုံး

ပေါ်တူဂီနိုင်ငံ Vila Nova da Rainha မြို့ ၌ဇန်နဝါရီ ၁၃ ရက်တွင် မီးလောင်မှုဖြစ်ပွားနေသည်ကို တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

လစ္စဘွန်း ၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ)

ပေါ်တူဂီနိုင်ငံ မြောက်ပိုင်း၌ ဇန်နဝါရီလ ၁၃ ရက် ညပိုင်းတွင် နှစ်ထပ်တိုက်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၈ ဦးသေဆုံးပြီး ၊ ၅ဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။

မီးလောင်မှုသည် ဒေသစံတော်ချိန် ည ၉ နာရီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆောက်အအုံအတွက် တပ်ဆင်ထားသော အပူပေးဘွိုင်လာအို ပေါက်ကွဲရာမှ တဆင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် အဆောက်အအုံထဲ၌ ညစာစားပွဲ(ဒင်နာ) ပြုလုပ်နေကြောင်း ၊ အခင်းဖြစ်နေရာသည် ပေါ်တူဂီနိုင်ငံမြို့တော် လစ္စဘွန်းမြို့၏ မြောက်ဘက် ၂၅ဝ ကီလိုမီတာအကွာ၌ တည်ရှိသော Vila Nova da Rainha မြို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အမျိုးသားပြည်သူ့ကာကွယ်ရေး အာဏာပိုင်အဖွဲ့က မီးသတ်သမား ၁၄၈ ယောက် နှင့် မီးသတ်ကား ၆၇ စီးကို စေလွှတ်ခဲ့ကြောင်း၊ တစ်နာရီအတွင်း မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။မီးလောင်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိထားသူများကို ရဟတ်ယာဉ်များဖြင့် နီးစပ်ရာ ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။ ပေါ်တူဂီနိုင်ငံ၌ ၂ဝ၁၇ ခုနှစ်တွင် တောမီးလောင်ကျွမ်းခြင်းမှ လူပေါင်း ၁ဝဝ ကျော် သေဆုံးခဲ့ရကြောင်း သိရသည်။(Xinhua)