ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဘယ်လ်ဂျီယံနိုင်ငံ ဂန့်မြို့ရှိ ArcelorMittalစတီးအလုပ်ရုံ ၌ နိုဝင်ဘာ ၂၀ ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ပြီး အခြားလူ ၂ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းတစ်ရပ်တွင်ဖော်ပြခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ လက်ဆည်ကန်တံခါးပေါက်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာနှစ်ရန်ပုံငွေကျပ် သိန်း ၂ဝဝဖြင့် ပြန်လည်ပြုပြင် နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးအဖြစ် ယနေ့ နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ ထွက်ခွာသွားကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် မြောက်ကိုရီးယားနိုင်ငံအား အကြမ်းဖက်မှု ထောက်ခံအားပေးသည့် နိုင်ငံအဖြစ် သတ်မှတ်ကြောင်း နိုဝင်ဘာ ၂ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
လာတာကီရာ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ လှူဒါန်းသည့် စုစုပေါင်း ဆန်တန်ချိန် ၁,၀၀၀ အား ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း လာတာကီရာမြို့ သို့ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း ဒမတ်စကပ်စ်မြို့ရှိ တရုတ်သံရုံးက နိုဝင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။