Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ဝန်ကြီးချုပ် က လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များ အစည်းအဝေး နှင့် ကမ္ဘောဒီးယား နိုင်ငံ လည်ပတ်ရေး ခရီးစဉ် အပြီး တရုတ် နိုင်ငံ သို့ ပြန်လည် ရောက်ရှိ

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က ဒုတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က ကမ္ဘောဒီးယား နိုင်ငံ တွင် ကျင်းပ ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များ အစည်းအဝေး နှင့် ကမ္ဘောဒီးယား နိုင်ငံ တရားဝင် လည်ပတ်ရေး ခရီးစဉ် အပြီး ဇန်နဝါရီ ၁၁ ရက်နေ့ ညပိုင်း အချိန်တွင် အထူး လေယာဉ်ဖြင့် တရုတ် နိုင်ငံ သို့ ပြန်လည်ရောက်ရှိခဲ့သည်။

တရုတ် နိုင်ငံ ဝန်ကြီးချုပ် က ဖနွမ်းပင် မြို့ မှ ပြန်လည် ထွက်ခွာစဉ် ကမ္ဘောဒီးယား နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Hor Namhong ၊ လိုက်ပါပို့ဆောင်ရေး အဖွဲ့ ခေါင်းဆောင် ၊ ကမ္ဘောဒီးယား နိုင်ငံ စက်မှု နှင့် လက်မှု ဝန်ကြီးဌာန ဝန်ကြီး Cham Prasidh စသည့် အစိုးရ အဆင့်မြင့် အရာရှိများ နှင့် ကမ္ဘောဒီးယား နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး Xiong Bo တို့မှ လိုက်ပါ ပို့ဆောင် ပေးခဲ့ကြသည်။

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က ဖနွမ်းပင် မြို့ သို့ သွားရောက် လည်ပတ်ချိန် မှာ ၂၄ နာရီ မပြည့်ခဲ့သော်လည်း အစည်းအဝေး နှင့် အခမ်းအနားပေါင်း ၂၀ ကျော် ကို တက်ရောက် ခဲ့သည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး တက်ရောက် စဉ် အတွင်း တရုတ် နိုင်ငံ ဝန်ကြီးချုပ် က “3 + 5 + X ပူးပေါင်းဆောင်ရွက်မှု မူဘောင်” ကို အဆိုပြု ခဲ့ပြီး နိုင်ငံရေး လုံခြုံမှု ခိုင်မြဲစေရေး ၊ စီးပွား နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ၊ လူမှုရေး နှင့် ယဉ်ကျေးမှု အဓိက ကဏ္ဍ ၃ ခု ကို ဖွံ့ဖြိုးတိုးတက်ရန် ညှိနှိုင်းဆောင်ရွက် သွားကာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် ပြောကြား ခဲ့သည်။

ထို့ပြင် တရုတ် နိုင်ငံ ဝန်ကြီးချုပ် က လန်ချန်း-မဲခေါင် သက်ဆိုင်ရာ နိုင်ငံ အသီးသီး အနေဖြင့် တန်းတူညီမျှခြင်း ၊ နားလည်ခွင့်လွှတ်ခြင်း နှင့် လက်တွေ့ကျကျဆောင်ရွက်ခြင်း ဆိုသည့် လန်ချန်း-မဲခေါင် စိတ်ဓာတ်ဖြင့် လန်ချန်း-မဲခေါင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဇုန် ကို တည်ဆောက်သွားရမည် ဖြစ်ပြီး လန်ချန်း-မဲခေါင် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရန် ကိုလည်း ပြောကြား ခဲ့သည်။

ဒုတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များ အစည်းအဝေး မှ ထုတ်ပြန်ခဲ့သည့် အနာဂတ် ၅ နှစ် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် သည်လည်း သက်ဆိုင်ရာ နိုင်ငံ များအား စတင်မှတ် အသစ် တစ်ခု ဖြင့် အနာဂတ် ပူပေါင်းဆောင်ရွက်မှု စီမံဆောင်ရွက်မှုများကို ချမှတ်ပေး နိုင်ခဲ့သည်။

ကမ္ဘောဒီးယား နိုင်ငံ ၌ လည်ပတ်နေစဉ် အတွင်း တရုတ် နိုင်ငံ ဝန်ကြီးချုပ် က တရုတ် နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် ကမ္ဘောဒီးယား နိုင်ငံ ၏ အချုပ်အခြာ အာဏာ နှင့် လွတ်လပ်ရေး ကို လေးစားခဲ့ကြောင်း ၊ ကမ္ဘောဒီးယား နိုင်ငံ အနေဖြင့် မိမိ နိုင်ငံ အခြေအနေ နှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ် လျှောက်လှမ်း သည် ကို ထောက်ခံကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကမ္ဘောဒီးယား နိုင်ငံ ၏ စီးပွားရေး ဖွံဖြိုးတိုးတက်ရန် နှင့် လူနေမှုဘဝ အခြေအနေ မြှင့်တင်ရန် အတွက် တတ်နိုင်သော အကူအညီ များ ပေးအပ် သွားမည် ဖြစ်ကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီး အား အတူတကွ တည်ဆောက်သည့် အခြေအနေ အောက်တွင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု ကို ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်ရမည် ဖြစ်ကာ ပိုမို အပြန်အလှန် အကျိုးဖြစ်ထွန်း အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချိန် ၏ ကမ္ဘောဒီးယား နိုင်ငံ လည်ပတ်ရေး ခရီးစဉ် အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု စာချုပ် ၁၉ ခု သဘောတူညီမှု ရရှိခဲ့ပြီး ပူးတွဲ သတင်းထုတ်ပြန်ကြေညာချက်လည်း ထုတ်ပြန်ခဲ့ကာ တရုတ်-ကမ္ဘောဒီးယား နှစ်နိုင်ငံ အတူတကွ မဟာဗျူဟာ အနက်အဓိပ္ပါယ် တည်ရှိသော ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်မည် ဟုလည်း ထုတ်ပြန်ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.