Connect with us

Economy

တရုတ်နိုင်ငံက ချေးငွေ ယွမ် ၇ ဘီလီယံ ထပ်မံခွင့်ပြု

ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များ အစည်းအဝေး တွင်မဲခေါင် နိုင်ငံများမှခေါင်းဆောင်များကိုတွေ့ရစဉ်။

ဖနွမ်းပင်၊ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)

တရုတ်အစိုးရအနေဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) မူဘောင် အတွင်းမှနေ၍ သက် သာသည့်အတိုးနှုန်းများဖြင့်ချေးငွေ ယွမ် ၇ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁ ဒသမ ၀၈ ဘီလီယံ) ကို ထောက်ပ ံ့ပေးသွားမည ်ဖြစ်ကြောင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် ကဇန်နဝါရီလ ၁၁ ရက်တွင်ကတိပြုပြောကြားခဲ့သည်။

လီခဲ့ချန် က ဇန်နဝါရီလ ၁၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ၌ လန်ချန်း-မဲခေါင် နိုင်ငံများ ၏ထုတ်လုပ်မှုစွမ်းရည်တိုးမြင့်လာရန်နှင့် စက်မှုလုပ်ငန်းကိရိယာပူးပေါင်းဆောင်ရွက်မှုတ့ို့အတွက် အမေရိကန်ဒေါ်လာ ၅ ဘီလီယံသတ်မှတ်ထားကြောင်းထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင်ဝန်ကြီးချုပ်လီက တရုတ်နိုင်ငံအနေဖြင့် လန်ချန်း-မဲခေါင်နိုင်ငံများနှင့်စိုက်ပျိုးရေးထုတ်ကုန် များ ကုန်သွယ်ရာတွင်လိုငွေပြသမှုက တရုတ်နိုင်ငံအတွက်ပိုမိုတင်သွင်းမှုပြုရန်အတားအဆီးဖြစ် စေမည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်ကိုယ်ကျိုးစီးပွားကာကွယ်မှုကိုနောက်ဆုံးအနေဖြင့် သာရွေးချယ်စဉ်းစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ငြိမ်းချမ်းမှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရှိသော ကျွနု်ပ်တို့၏ မြစ်” ဟူသောခေါင်းစဉ်ဖြင့်

ကျင်းပသည့်ဒုတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များ အစည်းအဝေး တွင် တရုတ်၊မြန်မာ၊လာအို၊ထိုင်းလင်း၊ကမ္ဘောဒီးယား နှင့် ဗီယက်နမ် နိုင်ငံများမှခေါင်း ဆောင်များက ဆက်သွယ်ရေးနည်းပညာ၊ရေစီမံခန့်ခွဲရေး နှင့် စက်မှုထုတ်လုပ်မှုစွမ်းအား စသည့်ကိစ္စများကိုဆွေးနွေးခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.