Connect with us

Asia

တောင်တရုတ်ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက် (COC) သဘောတူညီချက်ရရှိရေး ဆောလျင်စွာ ဆောင်ရွက်ရန် တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ ပြောကြား

တောင်တရုတ်ပင်လယ်အား ဝေဟင်မြင်ကွင်းမှ တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိစေရန်ရေးအတွက် တောင်တရုတ်ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက် (Code of Conduct) အား ဆက်စပ်နိုင်ငံများအနေဖြင့် ဆောလျင်စွာ ပြဋ္ဌာန်းနိုင်ရေးအတွက် ဇန်နဝါရီလ ၁၁ ရက်တွင် တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့က ပူးတွဲပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်၏ ကမ္ဘောဒီးယားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ပြီးနောက် ထုတ်ပြန်ခဲ့သည့် ပူးတွဲ ကြေညာချက်တွင် နှစ်နိုင်ငံလုံးက ထိုကဲ့သို့ ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်အတွင်း တည်ငြိမ်ရေးနှင့် တိုးတက်မှု ဆက်လက်တည်ရှိနေသည့် အခြေအနေအား မြင်တွေ့ရသည့်အတွက် နှစ်နိုင်ငံလုံးအနေဖြင့် ကြည်နူးမိပါကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် တောင်တရုတ်ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ ကြေညာစာတမ်း (Declaration on the Conduct=DOC) အား ပြည့်စုံပြီး ထိရောက်မှုရှိစွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းပြီးလက်တွေ့ကျရေး၊ စေ့စပ်ညှိနှိုင်းမှုရှိသော သဘောတူညီချက်အား အခြေခံ၍ တောင်တရုတ်ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက် (COC) အား ဆောလျင်စွာ ပြဋ္ဌာန်းနိုင်ရေး အားထုတ်လုပ်ဆောင်ရာတွင် COC ပါ အကြောင်းအရာများအား ဆွေးနွေးညှိနှိုင်းမှု မြှင့်တင်ရေး တို့အတွက် ပူးတွဲကြေညာချက်၌ ဆက်စပ်နိုင်ငံများအား တိုက်တွန်းထားကြောင်း သိရသည်။

၂၀၀၂ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်းက DOC အား လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းတွင် အချုပ်အခြာအာဏာပိုင်နိုင်ငံများနှင့် တိုက်ရိုက်သက်ဆိုင်သော နယ်မြေပိုင်ဆိုင်မှုနှင့် အုပ်ချုပ်စီရင်ပိုင်ခွင့်အာဏာနှင့်ပတ်သက်၍ အငြင်းပွားမှုများအပေါ် ငြိမ်းချမ်းသော အဓိပ္ပါယ်၊ အကျိုးပြုသော အကြံပြုမှုများနှင့် စေ့စပ်ညှိနှိုင်းမှုများဖြင့် အဖြေရှာရန် ဆက်စပ်နိုင်ငံများက သဘောတူကြရန် ပြဋ္ဌာန်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.