Connect with us

Africa & Middle East

တူနီးရှား နိုင်ငံ အနှံ့အပြား တွင် ဆန္ဒပြမှုများ ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၆၀၀ ဦး ကို ဖမ်းဆီး ထိန်းချုပ်

တူနီးရှား ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

တူနီးရှား နိုင်ငံ နေရာ အနှံအပြား တွင် ဇန်နဝါရီ ၁၁ ရက် အထိ ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပွား ခဲ့ရာ မတည်ငြိမ်မှု နှင့် တိုက်ခိုက်မှုများကြောင့် ဆန္ဒပြသူ တစ်ဦး သေဆုံး ခဲ့ပြီး လုံခြုံရေး ဝန်ထမ်း ၆၀ ကျော် ဒဏ်ရာရရှိ ခဲ့ကာ ရဲကား ၅၀ ကျော် ဖျက်ဆီး ခံရပြီး လူပေါင်း ၆၀၀ ကျော် ကို ဖမ်းဆီး ခဲ့ကြောင်း တူနီးရှား နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

တူနီးရှား နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က ဖမ်းဆီး ခံရသူ အများစု မှာ လူငယ်များ ဖြစ်ကြကြောင်း ၊ ဖမ်းဆီးခံရသူများမှာ လုယက်ခြင်း ၊ ခိုးယူခြင်း နှင့် မီးရှို့ခြင်း စသည့် ကိစ္စရပ်များ ဆောင်ရွက်ခဲ့ကြကာ ဆန္ဒပြမှု ၏ ကနဦး ရည်ရွယ်ချက် နှင့် တဖြည်းဖြည်း ဝေးကွာလာကာ အများပြည်သူ လုံခြုံရေး ကို များစွာ အနှောင့်အယှက် ဖြစ်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

ယခု အကြိမ် တူနီးရှား နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ဆန္ဒပြမှု သည် ဇန်နဝါရီ ၈ ရက် က မြို့တော်တွင် စတင် ခဲ့ရာ နိုင်ငံ အတွင်း ပြည်နယ် ၁၀ ခုကျော် သို့လျင်မြန်စွာ ပျံ့နှံ့သွားသည် ။ ဇန်နဝါရီ ၈ ရက်နေ့ ညပိုင်း အချိန်တွင် အချို့ ဒေသရှိ ဆန္ဒပြမှု များတွင် တိုက်ခိုက်မှု များ စတင်ဖြစ်ပွား လာခဲ့ကာ ဆန္ဒပြသူ များက လုံခြုံရေး ဝန်ထမ်းများအား ခဲများ ၊ မီးလောင်စေနိုင်သည့် အရာများ နှင့် ပစ်ပေါက်ခဲ့ကြသည်။ လုံခြုံရေး ဝန်ထမ်း များက မျက်ရည်ယို ဗုံးများဖြင့် ပြန်လည် ခုခံရာ ဆန္ဒပြသူ တစ်ဦး က အသက်ရှုကြပ်၍ သေဆုံး ခဲ့ရသည်။

တူနီးရှား နိုင်ငံ တွင် ဆန္ဒပြမှု ဖြစ်ပွား ခဲ့ရသည့် အဓိက အကြောင်းရင်း မှာ တူနီးရှား နိုင်ငံ တွင် ကုန်ဈေးနှုန်း များ ကာလရှည်ကြာစွာ မြင့်တက်နေပြီး ပြန်မကျနေချိန်တွင် အစိုးရ ထုတ်ပြန်ခဲ့သည့် ၂၀၁၈ ခုနှစ် ဘဏ္ဍာရေး ဥပဒေ က ကုန်ဈေးနှုန်းများ ကို ပိုမို မြင့်တက်လာစေခဲ့သောကြောင့် ဖြစ်ကြောင်း သိရှိရသည်။

တူနီးရှား နိုင်ငံ ဝန်ကြီးချုပ် Youssef Chahed က ပြည်သူလူထု တို့၏ လိုအင်ဆန္ဒကို နားလည်ပေး နိုင်သော်လည်း အစိုးရ အနေဖြင့် အကြမ်းဖက်မှု နှင့် ဖျက်ဆီးမှုများကို လုံးဝ လက်ခံမည် မဟုတ်ကာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.