ဆရီနာဂါး၊ ကက်ရှ်မီးယား၊ ဧပြီ ၄ ရက် (ဆင်ဟွာ) အိန္ဒိယ ထိန်းချုပ်နယ်မြေ ကက်ရှ်မီးယားဒေသတွင် ဧပြီလ ၄ ရက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး ဆိုင်ခန်း ၂၀ နှင့် လူနေအိမ် ၅ လုံး လောင်ကျွမ်းခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နယူးဒေလီ ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အစိုးရသည် တိုင်းပြည်၏ ရေတပ်စွမ်းပကားကို အဆင့်မြှင့်တင်ရန်အတွက် စစ်သင်္ဘောများပေါ်တွင် ရေပြင်မှ ဝေဟင်ပစ် ဒုံးကျည်အသစ်များ တပ်ဆင်ခြင်းကို သဘောတူ အတည်ပြုပေးလိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင် AIR ရေဒီယိုက ဧပြီလ ၄ ရက်တွင် ထုတ်လွှင့်ခဲ့သည်။
နေပြည်တော်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းစစ်များ ဖြစ်ပွားခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုးခု တို့တွင် မိုင်းများနှင့် ပေါက်ကွဲစေနိုင်သည့် စစ်ကျန် လက်နက် ပစ္စည်းများ ရှင်းလင်းရေး ကို တိုးချဲ့ဆောင်ရွက် သွားမည်ဟု လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက...
စိန့်ပီတာဘာ့ခ်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ဧပြီလ ၃ ရက်က အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး လူ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည့် ပေါက်ကွဲမှုများ ဖြစ်ပြီးနောက် စပိန်နိုင်ငံ စိန့်ပီတာဘာ့ခ်မြို့ မြေအောက်ရထား လုပ်ငန်းများအား တစ်စိတ်တစ်ပိုင်း ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ပါရီ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ Grand Palais ပြတိုက်မှ ယူရို ၂၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂၁၃,၂၀၀) တန်ဖိုးရှိသည့် ရတနာပစ္စည်းအား ဧပြီ ၂ရက်နေ့ ညနေပိုင်းတွင် အမျိုးသားနှစ်ဦးက ခိုးယူသွားခဲ့ကြောင်း ပြည်တွင်းသတင်းချန်နယ်တစ်ခု က ဧပြီ ၃ ရက်တွင်ဖော်ပြခဲ့သည်။