Connect with us

Latin America

ဘရာဇီးနိုင်ငံတွင် လေယာဉ်ပျက်ကျ၊ ၃ ဦးသေဆုံး

ဘရာဇီးနိုင်ငံတွင် လေယာဉ်ပျက်ကျနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ မြောက်ပိုင်း ပါရာပြည်နယ်တွင် ဖေဖော်ဝါရီလ ၇ ရက်က အင်ဂျင်တစ်လုံးတပ် လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူ သုံးဦးလုံး သေဆုံးခဲ့ကြောင်း ဘရာဇီးနိုင်ငံ လေတပ်က ပြောကြားခဲ့သည်။

Beechcraft Bonanza လေယာဉ်သည် Itaituba မြို့၌ မြေပြင်ပေါ်သို့ ပျက်ကျကာ ပေါက်ကွဲခဲ့ပြီး လေယာဉ်မှူး နှစ်ဦးနှင့် ခရီးသည် တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။ယခု လေယာဉ် ပျက်ကျမှုသည် Itaituba မြို့၌ လေးလအတွင်း ဒုတိယမြောက်ဖြစ်သည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် သတ္တုတွင်းနယ်မြေအတွင်း လူနှစ်ဦးအား တင်ဆောင်လာသော အခြား အင်ဂျင် တစ်လုံးတပ်လေယာဉ် တစ်စင်း ပျက်ကျခဲ့ပြီး လေယာဉ်မှူး သေဆုံးသွားကာ ခရီးသည်မှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)