Connect with us

Asia

တောင်ကိုရီးယား သမ္မတ နှင့် မြောက်ကိုရီးယား အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တို့ ဖေဖော်ဝါရီ ၁၀ ရက်တွင်တွေ့ဆုံမည်

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် အားတွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် သည် မြောက်ကိုရီးယားနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် ဖေဖော်ဝါရီ ၁၀ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း သမ္မတအိမ်ပြာတော် က ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ Kim Eui-kyeom က မွန်သည် အဆင့်မြင့် ပြည်သူ့လွှတ်တော် (Supreme People’s Assembly) ဥက္ကဋ္ဌ Kim Yong Nam ဦးဆောင်သော မြောက်ကိုရီးယား အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ နှင့် ဖေဖော်ဝါရီ ၁၀ ရက်တွင် တွေ့ဆုံ၍ နေ့လည်စာ သုံးဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်၏ ညီမဖြစ်သူ အာဏာရ ကိုရီးယား အလုပ်သမား ပါတီ (WPK) အမြဲတမ်းကော်မတီ မှ ပထမ ဒုတိယ ညွှန်ကြားရေးမှူး Kim Yo Jong လည်း ပါဝင်ကြောင်း သိရသည်။ပြောရေးဆိုခွင့်ရှိသူ က မြောက်ကိုရီးယားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တောင်ကိုရီးယားနိုင်ငံ အရှေ့ပိုင်း ပြုံချန်းစီရင်စု ၌ဖေဖော်ဝါရီ ၉ရက်တွင် ကျင်းပမည့် ၂၃ကြိမ်မြောက် ဆောင်းရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနားသို့ တတ်ရောက်မည်ဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၉ရက်တွင် တောင်ကိုရီးယားနိုင်ငံသို့ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့်လာရောက်မည်ဖြစ်ပြီး ယင်းဂျက်လေယာဉ်အား အနောက်ပင်လယ်တွင် တိုက်ရိုက်လေကြောင်းပြေးဆွဲမှုပြုလုပ်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဋ္ဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။မြောက်ကိုရီးယားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့မှတစ်ဆင့် တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင်ထံ မြောက်ကိုရီးယားခေါင်းဆောင်က သဝဏ်လွှာအား ပေးအပ်ခြင်း ရှိမရှိ ဟူသော အချက်အပေါ် ပြည်တွင်း မီဒီယာများ ၏ စိတ်ဝင်စားမှုမြင့်တက်လျက်ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117