Connect with us

Social

တနင်္သာရီမြစ်ကိုဖြတ်၍ တံတားသစ် တစ်စင်းအား စီမံကိန်း လုပ်ငန်းများ တည်ဆောက် လျက်ရှိ

တံတားသစ် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ)

တနင်္သာရီတိုင်းဒေသကြီး ၊တနင်္သာရီမြို့နယ်၊ တနင်္သာရီမြစ် ကိုဖြတ်၍ တနင်္သာရီ သံမဏိ သံဘောင်တံတား သစ် တစ်စင်း တည်ဆောက် လျက်ရှိရာ လက်ရှိတွင် ရေလည်တိုင် များ ဘိုးပိုင် အုတ်မြစ်ချရေး စီမံကိန်း လုပ်ငန်းများ တည်ဆောက်ခြင်း တို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားတည်ဆောက်ရေး အဖွဲ့ (၄)မှ ဆောင်ရွက်လျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

တံတားတည်ဆောက်ခြင်းကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂ဝ၁၇-၂ဝ၁၈ ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း၆ဝ၂ဝ ဖြင့် ဆောင်ရွက် သွားမည် ဖြစ်ပြီး တံတားအရှည်မှာ ချဉ်းကပ် လမ်းပါ (၁၄၄၃ပေ)၊ တံတား အကျယ်(၃၄ပေ၆လက်မ)၊ယာဉ်သွားလမ်းအကျယ်(၂၈ပေ)၊ လူသွားလမ်း အကျယ်မှာ (၃ပေ)စီ ဖြစ်ပြီး ခွင့်ပြုယာဉ်အလေးချိန်မှာ(၇၅)တန်အထိဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း ၊ ပြည်သူများ အသုံးပြုနိုင်မည့် ခန့်မှန်းရက်မှာ ၂၀၂၀ ခုနှစ် မတ်လကုန် ဖြစ်ကြောင်း သိရသည်။

တံတားအားသစ်ဆောက်လုပ်ရခြင်းသည် ယခင်(၂ဝဝဝ)ပြည့်နှစ်က တစ်လမ်းသွား စနစ်ဖြင့် တည်ဆောက် ခဲ့သည့် တနင်္သာရီ ဘေလီ တံတားမှာ ယခုအခါ သဘာဝဘေးဒဏ်များ နေ့စဉ် ဖြတ်သန်း သွားလာ နေကြသော ကုန်တင်ကားကြီးများ၊ ခရီးသည်တင်ယာဉ်ကားကြီး/ကားငယ်များဖြတ်သန်းမှုကြောင့် တံတား၏ကြမ်းခင်း များ ဆွေးမြေ့နေပြီး တံတား၏ခံနိုင်ဝန်မှာ ယာဉ်နှင့်ကုန်(၁၃)ခန့်သာ ဖြတ်သန်းသွားလာနိုင်သဖြင့် ယခုကဲ့သို့ နှစ်လမ်း သွား သံမဏိသံဘောင်တံတားသစ်အား တည်ဆောက်ပေးခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.