Connect with us

Latin America

ဘရာဇီးနိုင်ငံ Minas Gerais ပြည်နယ်တွင် Yellow Fever ကြောင့် လူ ၆၁ ဦး သေဆုံး

ခြင်တစ်ကောင်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံတွင် ဒုတိယမြောက် လူဦးရေအထူထပ်ဆုံးပြည်နယ်ဖြစ်သော Minas Gerais ပြည်နယ်တွင် Yellow Fever ဖြစ်ပွားမှုကြောင့် သေဆုံးသူ အရေအတွက်မှာ ဇန်နဝါရီလ ၃၀ ရက်က လူ ၂၅ ဦးကျော်ရှိခဲ့ရာမှ ဖေဖော်ဝါရီလ ၆ ရက်တွင် လူ ၆၁ ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။

ပြည်နယ်ကျန်းမာရေးဋ္ဌာန၏ ထုတ်ပြန်ချက်အရ Yellow Fever ဖြစ်ပွားသူ ၁၆၄ ဦးရှိခဲ့ကြောင်း၊ အမျိုးသား ၁၅၁ ဦးနှင့် အမျိုးသမီး ၁၃ ဦးဖြစ်ကြောင်း အတည်ပြုခဲ့သည်။အဆိုပါ အဖျားရောဂါဖြစ်ပွားသူမှာ စုစုပေါင်း ၃၀၁ ဦးရှိသည်ဟု စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။ ယခုချိန်အထိ ထို ရောဂါအား ကာကွယ်မည့်ဆေးအား လူထုအကြား ထိုးနှံပေးခြင်းမရှိသေးကြောင်း သိရသည်။

Minas Gerais ပြည်နယ်သည် ဆော်ပါလိုမြို့၊ ရီယိုဒီဂျနေးရိုးမြို့များနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စု၊ ပြည်နယ်နှင့် မြို့တော်ဆိုင်ရာ တာဝန်ရှိသူများ၏ အစီအစဉ်ဖြင့် လူထု ကာကွယ်ဆေးထိုး အစီအစဉ်များစွာ လုပ်ဆောင်ခဲ့သည်။Yellow Fever သည် Haemagogus နှင့် Sabethes အမျိုးအစား ခြင်များကြောင့် ကူးစက်ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117