နေပြည်တော်၊ ဇန်ဝါရီ ၂၃ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ် ဧပြီ (၁)ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်၏ စွမ်းဆောင်ရည် အမြင့်ဆုံး ဖြစ်စေရန် ရည်ရွယ်ပြီး ကြားဖြတ် ရွေးကောက်ပွဲဆိုင်ရာ မွမ်းမံသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ...
ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း သတ်မှတ်လမ်းကြောင်းအတိုင်း ပြေးဆွဲခြင်းရှိမရှိ သိရှိစေရန် YBSယာဉ်များကို ထိန်းချုပ်နိုင်မည့် GPS စနစ်တပ်ဆင်မှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကုန်အကျခံ တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။
ဂျာလာလာဘတ်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့ အရှေ့ဘက် ၁၂၀ကီလိုမီတာ အကွာ နန်ဂါဟာပြည်နယ် ဂျာလာလာဘတ်မြို့တွင် ဇန်နဝါရီ ၂၃ ရက်က နေအိမ်ခေါင်မိုးပြိုကျမှုတစ်ခုဖြစ်ပွားခဲ့ရာ မိသားစုဝင် ခြောက်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ပြည်နယ်ဆိုင်ရာအုပ်ချုပ်ရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူ Attaullah Khogiani ကပြောကြားခဲ့သည်။
မော်စကို ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက် ( Dmitry Medvedev ) သည် ရှေ့လာမည့် ၅ နှစ်တာသက်တမ်း အတွက် ရုရှားအာဏာရပါတီ၏ ဥက္ကဋ္ဌအဖြစ် ဇန်နဝါရီလ ၂၂ ရက်တွင် ပြန်လည်အရွေးခံရကြောင်းသိရသည်။
ဆိုးလ်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) လွန်ခဲ့သော သုံးလကျော်အကြာက မီးလောင်ကျွမ်းလေ့ရှိသဖြင့် ရောင်းချမှု ရပ်ဆိုင်းထားရသော ဆမ်ဆောင်း Galaxy Note 7 ဖုန်းသည် ဘတ်ထရီ ပြစ်ချက်ရှိခြင်းကြောင့် မီးလောင်ကျွမ်းရခြင်း ဖြစ်ကြောင်း ဆမ်ဆောင်း အီလက်ထရောနစ်က ဇန်နဝါရီလ ၂၃ ရက်က ပြောကြားလိုက်သည်။