မနီလာ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း ပြည်နယ်တစ်ခုတွင် ဒီဇင်ဘာ ၂၅ ရက်က ခရီးသည်တင် ဂျစ်ကားတစ်စီး နှင့် ဘတ်စ်ကားတစ်စီး တိုက်မိခဲ့ရာ အနည်းဆုံး လူ ၁၉ဦးသေဆုံးပြီး အခြားလူ ၂၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) မြိတ်မြို့တွင် ငွေကျပ်သိန်း ၄,၁၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ရှိ လေဆိပ်ငယ်တစ်ခုတွင် ဒီဇင်ဘာ ၂၅ရက်က နှစ်လုံးတွဲ အင်ဂျင်တပ် ပုဂ္ဂလိက လေယာဉ်တစ်စီး ထွက်ခွာနေစဉ် ပျက်ကျခဲ့သဖြင့် လူအများအပြားသေဆုံးခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
ဂွမ်ကျိုး ၊ ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံထုတ် ကုန်းရေ နှစ်မျိုး သွားနိုင်သည့် AG600 လေယာဉ်ကို နိုင်ငံတောင်ပိုင်း ကွမ်ဒေါင်း(Guangdong) ပြည်နယ်၌ ဒီဇင်ဘာ ၂၄ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။ ၎င်းလေယာဉ်တွင် turboprop အင်ဂျင်များကို သုံးထားကြောင်း၊ လေယာဉ်ကိုယ်ထည်မှာ ၃၉.၆...
လန်ဒန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) လန်ဒန် တိရစ္ဆာန်ရုံတွင် မီးအကြီးအကျယ် လောင်ကျွမ်းခဲ့မှုကြောင့် တိရစ္ဆာန်များသေဆုံးမှု နှင့် ပျောက်ဆုံးမှုများဖြစ်ပွားပြီးနောက် ဒီဇင်ဘာ ၂၅ ရက်တွင် ၎င်းတိရစ္ဆာန်ရုံ အားပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။