ဆိုးလ်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) လာမည့် အပတ်တွင် အကြီးတန်းအဆင့် နှစ်နိုင်ငံ အစိုးရစကားဝိုင်း ကျင်းပရန် တောင်ကိုရီးယားနိုင်ငံ၏ အဆိုပြုချက်ကို မြောက်ကိုရီးယားနိုင်ငံက လက်ခံခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ ပေါင်းစည်းရေးဝန်ကြီးဋ္ဌာနက ဇန်နဝါရီ ၅ ရက်တွင်ပြောကြားခဲ့သည်။
ကဘူးလ် ၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကဘူးလ် တွင် ဇန်နဝါရီ ၄ ရက်နေ့၌ အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁၁ ဦး သေဆုံး ခဲ့ပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း...
ဂျိုဟန်နက်စ်ဘာ့တ်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံတွင် ဇန်နဝါရီ ၄ ရက် က ဖြစ်ပွားခဲ့သည့် ရထားလမ်းချော်မှုကြောင့် သေဆုံးသူဦးရေသည် လူ ၂၀ဦးအထိမြင့်တက်လာပြီး လူ ၂၆၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖရီးစတိတ်ပြည်နယ် ကျန်းမာရေးဋ္ဌာန တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းမီဒီယာတစ်ခုက ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် ဇန်နဝါရီ ၄ ရက် ညနေ ၃ နာရီခွဲ ခန့်က ကျောက်စိမ်းလုပ်ကွက် မြေစာပုံအဟောင်းပြိုကျရာမှ ရေမဆေးကျောက် ရှာဖွေသူ အမျိုးသားခြောက်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်း၊ထျန်းကျင်း၊ဟေပေပြည်နယ်များတွင် Transit ခရီးသည်များအနေဖြင့် ၁၄၄ နာရီ( ၆ရက်) အထိ ဗီဇာကင်းလွတ်ခွင့်ဖြင့် နေထိုင်ခွင့်ပြုကြောင်း စည်းမျဉ်းအသစ်ထုတ်ပြန်လိုက်ပြီဖြစ်သည်။ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ ပြင်သစ်၊ဂျာမဏီ၊ အီတလီ၊ ဗြိတိန်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အခြား နိုင်ငံစုစုပေါင်း...