ဟနွိုင်း ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြား အရန်ငွေကြေးမှာ နိုဝင်ဘာလလည်တွင် အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံထိ စံချိန်တင် အမြင့်ဆုံး ပမာဏ ဖြစ်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံဗဟိုဘဏ်၏ ပြောကြားချက်အရ သိရသည်။
မော်စကို၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ အလယ်ပိုင်းတွင် နိုဝင်ဘာ ၁၆ ရက်က ဘတ်စ်ကားတစ်စီးနှင့် ကုန်တင်ကားတစ်စီးတိုက်မိရာ စုစုပေါင်း လူ ၁၅ဦးသေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များကပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများ တိုက်ဖျက်ရေးနှင့် အကြမ်းဖက်သမားများ စိမ့်ဝင်ထိုးဖောက်မှု မရှိစေရေးတို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့(၁/၂ဝ၁၇) အစည်းအဝေးတွင် ဆွေးနွေးကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေတောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ နောက် (၂၄)နာရီ အတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားမည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။
ဆန်ဖရန်စစ္စကို ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ် အော့ကလန်(Oakland) တိရစ္ဆာန်ရုံအတွင်းရှိ ကမ္ဘာ့အသက်ကြီးဆုံး သစ်ကုလားအုပ်များထဲတွင် တစ်ကောင်အပါအဝင်ဖြစ်သည့် သစ်ကုလားအုပ်တစ်ကောင်မှာ သေဆုံးသွားပြီဖြစ်ကြောင်း ၎င်းတိရစ္ဆာန်ရုံ၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာလ ၁၆ ရက်က ရေးသားဖော်ပြထားသည်။